【 နိုင်ငံတကာ 】 ပိုလန်က နိုင်ငံလေပိုင်နက်ကို ချိုးဖောက်ဝင်ရောက်ခဲ့ဟု ဘီလာရုစ် စွပ်စွဲ

【 နိုင်ငံတကာ 】 ပိုလန်က နိုင်ငံလေပိုင်နက်ကို ချိုးဖောက်ဝင်ရောက်ခဲ့ဟု ဘီလာရုစ် စွပ်စွဲ

မင့်နစ်ခ်၊ စက်တင်ဘာ - ၃၀

ဘီလာရုစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ပိုလန်နိုင်ငံသည် ၎င်း၏နယ်နိမိတ်ကို ရဟတ်ယာဉ်ဖြင့် ၂ ကြိမ် ချိုးဖောက်ကြောင်း ပြောခဲ့ပါတယ်။

ဘီလာရုစ် ကာကွယ်ရေးဝန်ကြီးဌာန၏ အဆိုအရ ဘီလာရုစ်ရေဒါက နေ့လယ်ပိုင်းတွင် ပိုလန်လေယာဉ် ချဉ်းကပ်လာသည်ကို တွေ့ရသည်ဟု ဆိုပါတယ်။

“ညနေ ၃ နာရီ မိနစ် ၂၀ လောက်မှာ ဘီလာရုစ်သမ္မတနိုင်ငံ နယ်စပ်ကို လေယာဉ်တစ်စီးသည် တစ်ကီလိုမီတာခွဲအထိ ဖြတ်ကျော်လာပါတယ်။ညနေ ၄ နာရီ ၂၂ မိနစ်တွင် ထိုရဟတ်ယာဉ်သည် နယ်စပ်ကို ထပ်မံကျူးကျော်ပြီး မီတာ ၃၀၀ အထိ ဝင်ရောက်လာကြောင်း” ထိုကြေညာချက်တွင် ဖော်ပြထားပါတယ်။

ဘီလာရုစ် ကာကွယ်ရေးဝန်ကြီးဌာနက ထိုဖြစ်ရပ်နှင့်ဆက်စပ်ပြီး အခြားလေယာဉ်တစ်စီး ဝင်ရောက်လာကြောင်း ဆက်လက်ဖော်ပြပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသည် ထိုကိစ္စတွင် ပိုလန်ကို ဆန့်ကျင်ကြောင်းပြောဆိုရန် ပြင်ဆင်နေကြောင်း ပြောပါတယ်။

ပိုလန်ကလည်း ထိုရဟတ်ယာဉ်ကျူးကျော်မှုကို ငြင်းဆန်ပြီး ဘီလာရုစ်အစိုးရ၏ ကြေညာချက်သည် လိမ်ညာမှုဖြစ်ကြောင်းနှင့် လေကြောင်းထိန်းချုပ်မှုများနှင့် ရေဒါမှတ်တမ်းအရ ထိုသို့သောဖြစ်ရပ်များမရှိကြောင်း ပြောခဲ့ပါတယ်။

Linko
Ref - mil-in-ua