【 နိုင်ငံတကာ 】 ပူတင်နှင့် တရုတ်ဒုသမ္မတတို့ ယခုနှစ်ကုန်မှာ တွေ့ဖို့ရှိ

【 နိုင်ငံတကာ 】 ပူတင်နှင့် တရုတ်ဒုသမ္မတတို့ ယခုနှစ်ကုန်မှာ တွေ့ဖို့ရှိ

မော်စကို၊ စက်တင်ဘာ - ၁၂

ယခုနှစ်ကုန်မှာ ပူတင်နဲ့ တရုတ်ဒုသမ္မတ ကျန်းကိုချင်းတို့ နှစ်နိုင်ငံထိတွေ့ဆက်ဆံမှုအတွက် နှစ်ဘက်အမြင့်ဆုံးအဆင့်အဖြစ် ဆွေးနွေးမှာဖြစ်တယ်လို့ ကရင်မလင်ပြောရေးဆိုခွင့်ရှိသူရဲ့ အင်္ဂါနေ့ ပြောစကားကို ကိုးကားပြီး ရုရှားအေဂျင်စီများက ဖော်ပြခဲ့ပါတယ်။

ရုရှားသမ္မတ ပူတင်ဟာ တရုတ်ဒုသမ္မတကို ရုရှားအရှေ့ပိုင်း ဗလာဒီဗော့စတော့မှာ တွေ့ဆုံမှာဖြစ်ပြီး အဲဒီနေရာမှာ ယခုသီတင်းပတ်အတွင်း အဓိကစီးပွားရေးဖိုရမ်တစ်ခု ကျင်းပနေတာဖြစ်ပါတယ်။

“ဒါ ဒီနှစ်မကုန်ခင် စီစဉ်ထားတဲ့ အမြင့်ဆုံးအဆင့်မှာ နှစ်နိုင်ငံထိတွေ့ဆက်ဆံခြင်းအကြောင်းအပါအဝင် မြန်မြန်ဆန်ဆန် အမြင်ဖလှယ်နိုင်တဲ့ နောက်ထပ်အခွင့်အရေးတစ်ခုပဲ” ဟု ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ဗ်ကို ကိုးကားပြီး ရုရှားသတင်းအေဂျင်စီတွေက ဖော်ပြခဲ့ပါတယ်။

မတ်လအတွင်း ရုရှားနိုင်ငံသို့ ထိပ်တန်းနိုင်ငံတော်ခရီးစဉ်အတွင်း ရှီက ထုတ်ပြန်ခဲ့သည့် ဖိတ်ကြားချက်ကို တုံ့ပြန်ခဲ့တဲ့အနေနဲ့ ပူတင်ဟာ  အောက်တိုဘာလမှာ တတိယအကြိမ် Belt and Road ဖိုရမ်ကို တက်ရောက်ဖို့ တရုတ်နိုင်ငံသို့ သွားရောက်ရန် စီစဉ်ထားတယ်လို့ ကရင်မလင်နိုင်ငံခြားရေးမူဝါဒအကြံပေး ယူရီအူရှက်ဖ်ကော့ဗ်က ဇူလိုင်လတုန်းက ပြောကြားခဲ့ပါတယ်။

Linko
Ref - Reuters