【 နိုင်ငံတကာ 】 ပူတင် ကျန်းမာရေးကောင်းဟု ကရင်မလင်နန်းတော်ပြောပြီး ကိုယ်ပွားသုံးသည့် သတင်းကို ပယ်ချ

【 နိုင်ငံတကာ 】 ပူတင် ကျန်းမာရေးကောင်းဟု ကရင်မလင်နန်းတော်ပြောပြီး ကိုယ်ပွားသုံးသည့် သတင်းကို ပယ်ချ

မော်စကို၊ အောက်တိုဘာ - ၂၅

သမ္မတ ပူတင်၏ ကျန်းမာရေးနှင့်ပတ်သက်သည့် ကောလာဟလများကို ကရင်မလင်နန်းတော်က အင်္ဂါနေ့တွင် ပယ်ချလိုက်ပြီး သူနေကောင်းကျန်းမာကြောင်း အတည်ပြုပြောလိုက်ပါတယ်။

သတင်းသမားများအတွက် ပုံမှန်သတင်းစာရှင်းလင်းပွဲ ကျင်းပချိန်အတွင်း ကရင်မလင်နန်းတော် ပြောခွင့်ရသူ ဒီမီထရီ ပက်စကော့က သမ္မတသည် ကိုယ်ပွားများကို အသုံးပြုနေသည်ဆိုသည့် ပြောဆိုချက်များကို ပယ်ချပြီး နောက်ပြောင်မှုသက်သက်ဖြစ်ကြောင်း ပြောပါတယ်။

ရုရှားတယ်လီဂရမ်ချန်နယ်တစ်ခုမှ အတည်မပြုနိုင်သည့် သတင်းကို အနောက်တိုင်းသတင်းဌာနအချို့က ဖြန့်ချိနေပြီး ထိုသတင်းအရ ပူတင်သည် တနင်္ဂနွေနေ့ ညနေပိုင်းတွင် ပြင်းထန်သည့် ကျန်းမာရေးပြဿနာ ခံစားရသည့်သဘောမျိုး ဖော်ပြထားခြင်းကို သတင်းထောက်များက မေးမြန်းခြင်းဖြစ်ပါတယ်။

၂၀၂၂ မှ စတင်ပြီး သတင်းအမျိုးမျိုးတွင် အသက် ၇၁ နှစ်ရှိပြီဖြစ်သော ပူတင်သည် ပြင်းထန်သော ကျန်းမာရေးပြဿနာများ ရင်ဆိုင်နေရသည်ဆိုသည့် သတင်းအမျိုးမျိုး ထွက်ပေါ်ခဲ့ပါတယ်။

ပူတင်သည် လူမြင်ကွင်းတွင် အနည်းငယ် ဒယိမ်းဒယိုင်ဖြစ်ခြင်း ဖောနေပုံရခြင်းတို့ကြောင့် ထိုသို့သော ကောလာဟလများကို ပိုမိုဖြစ်စေခဲ့တာဖြစ်ပါတယ်။

Linko
Ref - India Today