【 နိုင်ငံတကာ 】 ပူတင် နှလုံးဖောက်ပြီး မကျန်းမာသောကြောင့် သူ့ကိုယ်ပွားက ဝင်ရောက်သရုပ်ဆောင်နေဟု ဆို

【 နိုင်ငံတကာ 】 ပူတင် နှလုံးဖောက်ပြီး မကျန်းမာသောကြောင့် သူ့ကိုယ်ပွားက ဝင်ရောက်သရုပ်ဆောင်နေဟု ဆို

မော်စကို၊ အောက်တိုဘာ - ၂၅

သမ္မတ ပူတင်သည် အကြီးအကျယ် နေမကောင်းဖြစ်နေပြီး သူ့ကိုယ်ပွားတစ်ဦး (သို့မဟုတ်) ကိုယ်ပွားများက သူ့ကိုယ်စား သရုပ်ဆောင်ပေးနေရကြောင်း တယ်လီဂရမ်ချန်နယ်တစ်ခုက မကြာသေးမီက ဖော်ပြသည်ဟု ဗြိတိန်မှ Daily Mirror သတင်းစာက ဖော်ပြခဲ့ပါတယ်။

ပူတင်သည် တနင်္ဂနွေနေ့ ညနေတွင် နှလုံးဖောက်ပြီး သူနေထိုင်သည့် အိမ်တော်မှ အထူးကြပ်မတ်ကုသဆောင်တွင် အသက်ကယ်စက် တပ်ဆင်ထားရသည်ဆိုသည်။အထက်ပါ တယ်လီဂရမ်ချန်နယ်ကို Mirror က ကိုးကားဖော်ပြလိုက်ပါတယ်။

သမ္မတသည် ကိုယ်ပွားများကိုသုံးနေသည်ဆိုသည့် သတင်းများကို ကရင်မလင်ပြောခွင့်ရသူ ဒီမီထရီပက်စကော့က သတင်းထောက်များနှင့် ပုံမှန်တွေ့ဆုံစဉ် ငြင်းဆန်ပြီး ဟာသသက်သက်သာဖြစ်သည်ဟု ပြောပါတယ်။သမ္မတသည် ကျန်းမာသန်စွမ်းသည်ဟု သူပြောကြောင်း ရိုက်တာသတင်းက ဖော်ပြခဲ့ပါတယ်။

ဂျူဒိုသမား အက်ရှင်မင်းသားပုံစံနေထိုင်သူ ပူတင်သည် အောက်တိုဘာလ ၇ ရက်နေ့တွင် ၇၁ နှစ် ပြည့်ခဲ့ပါတယ်။သူသည် အစည်းအဝေးအများအပြားနှင့် အခမ်းအနားများသို့ တက်ရောက်နေပြီး ၎င်းတို့အနက် အများအပြားကို ရုပ်သံမှ ထုတ်လွှင့်ခဲ့ပါတယ်။

သူ၏ မကြာသေးမီက အစီအစဉ်များတွင် လွန်ခဲ့သောအပတ်က တရုတ်နိုင်ငံသို့ သွားရောက်ခြင်းနှင့် အပြန်တွင် ရုရှားမြို့ကြီး ၂ မြို့သို့ ဝင်ရောက်ခြင်းတို့ ပါဝင်ခဲ့ပါတယ်။

၂၀၂၀ ခုနှစ်က တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ပူတင်က ကိုယ်ပွားများသုံးသည်ဆိုသည့် သတင်းများကို ပယ်ချပြီး တစ်ကြိမ်တွင်မူ လုံခြုံရေးအရ ကိုယ်ပွားသုံးရန် ကမ်းလှမ်းခံရကြောင်း ပြောပါတယ်။ထိုနှစ် ဧပြီလတွင် ပက်စကော့က ကိုယ်ပွားထားသည်ဆိုသည့် သတင်းသည် လိမ်ညာမှုဖြစ်ပြီး ပူတင်သည် မနာလိုစရာကောင်းလောက်အောင် ကျန်းမာသည်ဟု ပြောခဲ့ပါတယ်။

တယ်လီဂရမ်ချန်နယ်က “မော်စကို စံတော်ချိန် ၂၁:၀၅ နာရီတွင် ပူတင်၏ လုံခြုံရေးအရာရှိများသည် သမ္မတ၏အခန်းမှ ဆူညံသံများ၊ ပစ္စည်းကျသံများ ကြားရသည်။လုံခြုံရေးအရာရှိ ၂ ဦး သမ္မတ၏ အိပ်ခန်းသို့ ချက်ခြင်းသွားရောက်သောအခါ ပူတင်သည် ကုတင်ဘေးမှ ကြမ်းပြင်တွင် လဲကျနေပြီး အစားအသောက်တင်ထားသည့် စားပွဲ လဲကျနေသည်” ဟု ဖော်ပြခဲ့ပါတယ်။

Linko
Ref - Hindustantimes