【 နိုင်ငံတကာ 】 ပြည်ပ တရုတ်ကုမ္ပဏီများကို ဉာဏ်ရည်တုချစ်ပ်ရောင်းချမှု ပိတ်ပင်ရန် ဘိုင်ဒင် စဉ်းစားနေ

【 နိုင်ငံတကာ 】 ပြည်ပ တရုတ်ကုမ္ပဏီများကို ဉာဏ်ရည်တုချစ်ပ်ရောင်းချမှု ပိတ်ပင်ရန် ဘိုင်ဒင် စဉ်းစားနေ

ဝါရှင်တန်၊ အောက်တိုဘာ - ၁၄

အမေရိကန်၏ ဉာဏ်ရည်တုချစ်ပ် (AI chips) များကို တရုတ်ကုမ္ပဏီများက ၎င်းတို့၏ ပြည်ပလုပ်ငန်းများမှတစ်ဆင့် ရသွားစေနိုင်သည့် ဟာပေါက်ကို ပိတ်ပစ်ရန် ဘိုင်ဒင်အစိုးရ စဉ်းစားနေကြောင်း ထိုကိစ္စကိုသိသူ ၄ ဦး ပြောပါတယ်။

အမေရိကန်အစိုးရသည် တရုတ်စစ်ရေးတိုးတက်မှုကို ဟန့်တားရန် တရုတ်သို့ ဉာဏ်ရည်တုချစ်ပ်များနှင့် ချစ်ပ်ထုတ်လုပ်သည့် ကိရိယာများရောင်းချခြင်းကို ကန့်သတ်ချက်အကြောင်း လွန်ခဲ့သောနှစ်က ထုတ်ပြန်ကြေညာလိုက်သောအခါ ပေကျင်းနှင့် ဆက်ဆံရေးကို အကြီးအကျယ် ထိခိုက်စေခဲ့ပါတယ်။ထိုစဉ်က ထုတ်ပြန်သည့် စည်းကမ်းချက်များကို လာမည့်ရက်များတွင် ပိုမိုတင်းကျပ်တော့မည်ဖြစ်ပါတယ်။အခြေအနေကိုသိထားသူတစ်ဦးက ထိုကိစ္စတွင် တင်းကျပ်မှုသစ်များ ပါဝင်မည်ဟု ပြောခဲ့ပါတယ်။

ကနဦးထိန်းချုပ်မှုသစ်များ ချမှတ်စဉ်က ဘိုင်ဒင်အစိုးရသည် တရုတ်လုပ်ငန်းများ၏ ပြည်ပလုပ်ငန်းခွဲများအနေဖြင့် ထိုတစ်ပိုင်းလျှပ်ကူး ဆီမီးကွန်ဒတ်တာချစ်ပ်များကို အတားအဆီးမရှိ ဝယ်ယူနိုင်ပါတယ်။ထိုအခါ ထိုလုပ်ငန်းများက ထိုချစ်ပ်များကို တရုတ်သို့ခိုးသွင်း၍ဖြစ်စေ တရုတ်အခြေစိုက် အသုံးပြုသူများက အဝေးမှအသုံးပြုခြင်းဖြင့်ဖြစ်စေ အသုံးပြုနိုင်စေပါတယ်။

အမေရိကန်လုပ်ထုံးလုပ်နည်းများက အကြီးအကျယ်ပိတ်ပင်ထားသည့် Huaqiangbei ထိုချစ်ပ်များကို တရုတ်နိုင်ငံတောင်ပိုင်း Shenzhen မြို့မှ ကျော်ကြားလှသော အီလက်ထရွန်နစ်ဇုန်တွင် ဝယ်ယူနိုင်ကြောင်း Reuters သတင်းက ဖော်ပြခဲ့ပါတယ်။

ဝါရှင်တန်သည် ယခုအခါ ထိုဟာကွက်ကို ပိတ်ပစ်ရန် ကြိုးစားနေပြီး ယခင်က ထိုသို့သော သတင်းများမကြားရဟု သတင်းရင်းမြစ်များ ပြောပါတယ်။

ထိုဟာကွက်ကို ပိတ်ပစ်ရန် ယခုအားထုတ်မှုကြောင့် ဘိုင်ဒင်အစိုးရည် တရုတ်နိုင်ငံကို ထိပ်တန်း AI နည်းပညာ ဖြတ်တောက်ရန် ကြိုးစားနေပြီး ပို့ကုန်ထိန်းချုပ်မှ ဟာကွက်အားလုံးကို ပိတ်ပင်ရန် မည်မျှခက်ခဲကြောင်း ပြသနေပါတယ်။

“ဟုတ်ပါတယ်။တရုတ်လုပ်ငန်းတွေက ပြည်ပက ဒေတာစင်တာတွေမှာသုံးဖို့ ချစ်ပ်တွေ ဝယ်နေတယ်” ဟု သေနင်္ဂဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဌာန ဒါရိုက်တာ ဂရက် အလန်က ပြောကြားလိုက်ပြီး စင်ကာပူသည် cloud computing အချက်အခြာဒေသ ဖြစ်နေပါတယ်။

Linko
Ref - Reuters