【 နိုင်ငံတကာ 】 ပွင့်လင်းလက်တွေ့ကျသော စစ်ရေးဆက်ဆံမှု ပြုလုပ်ရန် အမေရိကန်ကို တရုတ်တောင်းဆို

【 နိုင်ငံတကာ 】 ပွင့်လင်းလက်တွေ့ကျသော စစ်ရေးဆက်ဆံမှု ပြုလုပ်ရန် အမေရိကန်ကို တရုတ်တောင်းဆို

ပေကျင်း၊ ဧပြီ - ၂၆

တန်းတူညီမျှမှုနှင့် အပြန်အလှန်လေးစားမှုတို့အပေါ် အခြေခံ၍ ပဋိပက္ခမဟုတ်သည့် ထိပ်တိုက်ရင်ဆိုင်မှု ကင်းရှင်းမှုရှိသည့် စစ်ဘက်နှစ်ရပ်အကြား ပွင့်လင်းမြင်သာစွာ လက်တွေ့ကျသော ဆက်ဆံရေးကို တည်ဆောက်ရန် တရုတ်က အမေရိကန်ကို တောင်းဆိုကြောင်း တရုတ်စစ်တပ်ပြောရေးဆိုခွင့်ရှိသူက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်ဟု China Media Group သတင်းဌာနက ဖော်ပြခဲ့သည်။

အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝူကွမ်းက တရုတ်ကာကွယ်ရေးဝန်ကြီး တုံကျွမ်းနဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်တို့ ဧပြီလ ၁၆ ရက်နေ့က ဗီဒီယိုဖြင့်ခေါ်ကာ တွေ့ဆုံမှုနဲ့ပတ်သက်ပြီး ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာဖြစ်ပါတယ်။

တရုတ်နှင့် အမေရိကန်ကြား ၎င်းတို့၏ စစ်တပ်များကြား ဆက်ဆံရေးနှင့်ပတ်သက်၍ နှစ်ဘက်စလုံးက ပွင့်ပွင့်လင်းလင်း နက်နက်ရှိုင်းရှိုင်း အမြင်ချင်းဖလှယ်ခဲ့ကြပြီး ထိုင်ဝမ်မေးခွန်း၊ တောင်တရုတ်ပင်လယ်အရေးနှင့် အခြားသော ဘုံစိုးရိမ်စရာပြဿနာများတွင် အပြုသဘောဆောင်ပြီး လက်တွေ့ကျသော ရလဒ်များကို ရရှိစေခဲ့ကြောင်း ဝူက ပြောခဲ့ပါတယ်။

အဆိုပါဗီဒီယိုဖြင့်ခေါ်ဆိုမှုသည် တပ်မတော်နှစ်ရပ်ကြား ဆက်ဆံရေးတည်ငြိမ်မှုကို ထိန်းသိမ်းရန်အတွက် အပြုသဘောဆောင်သော အဓိပ္ပာယ်ဖြစ်ကြောင်း ဝူက ပြောကြားခဲ့ပါတယ်။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းမှ စတင်ကာ နှစ်နိုင်ငံ တပ်မတော်အကြား အပြန်အလှန်ဖလှယ်ပူးပေါင်းဆောင်ရွက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ကာ နှစ်နိုင်ငံဆက်ဆံရေး တည်ငြိမ်ရေးနှင့် တိုးတက်ရေးတွင် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း သူက ဆိုပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - CMG