【 နိုင်ငံတကာ 】 ဘာလူချီစတန်မှာ ကျင်းပတဲ့ တမန်တော် မိုဟာမက်ရဲ့ မွေးနေ့ပွဲမှာ အင်အားပြင်းဗုံးပေါက်ကွဲလို့ ၁၅ ဦးသေဆုံး

【 နိုင်ငံတကာ 】 ဘာလူချီစတန်မှာ ကျင်းပတဲ့ တမန်တော် မိုဟာမက်ရဲ့ မွေးနေ့ပွဲမှာ အင်အားပြင်းဗုံးပေါက်ကွဲလို့ ၁၅ ဦးသေဆုံး

အစ္စလာမ္မဘတ်၊ စက်တင်ဘာ - ၂၉

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းမှာ တမန်တော် မိုဟာမက်ရဲ့ မွေးနေ့ပွဲကို ကျင်းပတဲ့ လူထုစုဝေးပွဲတစ်ခုမှာ အင်အားပြင်း ဗုံးတစ်လုံးပေါက်ကွဲခဲ့လို့  လူ ၁၅ ဦးထက်မနည်းသေဆုံးပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရခဲ့တယ်လို့ ဒေသတွင်း ပါကစ္စတန်အာဏာပိုင်တွေနဲ့ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

မတ်စတန်းခရိုင် လက်ထောက်ကော်မရှင်နာ အတူဟယ်လ်မူနင်က ဒေသတွင်း အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေသည့် သတင်းစာ Dawn တွင်ပါသည့် အသေအပျောက်အရေအတွက်ကို အတည်ပြုခဲ့ပြီး မြို့မဘူတာရုံတာဝန်ရှိသူ မိုဟာမက်ဂျာဗစ်က သေဆုံးသူတွေထဲ ရဲအရာရှိတစ်ဦးပါတယ်လို့ ဆိုပါတယ်။

အစိုးရအုပ်ချုပ်ရေးမှူး အာတူအူလာက ဘလူချီစတန်ပြည်နယ်၊ မတ်စတန်းမှာ သောကြောနေ့က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့  Dawn သတင်းစာကို ပြောခဲ့ပါတယ်။

မိုဟာမက်ဂျာဗစ်က ပေါက်ကွဲမှုဟာ အသေခံဗုံးခွဲမှုဖြစ်ပြီး ဗုံးခွဲသူဟာ စီတန်းလှည့်လည်ခြင်းရဲ့ဘေးမှာ ကျန်နေခဲ့တဲ့ DSP Gishkori ကားအနီးမှာ ဖောက်ခွဲခဲ့တာလို့ ပြောပါတယ်။

ပါကစ္စတန်နှင့် ကမ္ဘာတစ်ဝန်းရှိ အစ္စလာမ်ဘာသာဝင်များမှာ တမန်တော် မိုဟာမက်ရဲ့ မွေးနေ့ပွဲကို အခမ်းအနားဖြင့် ကျင်းပကြပါတယ်။

ယခုလအစောပိုင်းကလည်း အလားတူခရိုင်ထဲတွင် ပေါက်ကွဲမှုတစ်ခုအတွင်း ထင်ရှားသော ဘာသာရေးခေါင်းဆောင်တစ်ဦးအပါအဝင် လူ ၁၁ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း Dawn သတင်းစာက ဖော်ပြခဲ့ပါတယ်။

Linko
Ref - Mehrnews