【 နိုင်ငံတကာ 】 မက္ကဆီကိုမြောက်ပိုင်းမှာ ဘုရားရှိခိုးကျောင်း အမိုးပြိုကျလို့ ၄၉ ဦးဒဏ်ရာရကာ အချို့သေဆုံး

【 နိုင်ငံတကာ 】 မက္ကဆီကိုမြောက်ပိုင်းမှာ ဘုရားရှိခိုးကျောင်း အမိုးပြိုကျလို့ ၄၉ ဦးဒဏ်ရာရကာ အချို့သေဆုံး

မက္ကဆီကိုစီးတီး၊ အောက်တိုဘာ - ၂

မက္ကဆီကိုနိုင်ငံမြောက်ပိုင်းမှာ တနင်္ဂနွေနေ့က ဝတ်ပြုဆုတောင်းပွဲတစ်ခုအတွင်း ဘုရားကျောင်းခေါင်မိုး ပြိုကျခဲ့ရာ လူပေါင်းများစွာသေဆုံးပြီး ၅၀ ခန့် ဒဏ်ရာရရှိကာ အပျက်အစီးများအတွင်း ခရစ်ယာန်ဘာသာဝင် ၃၀ ခန့် ပိတ်မိနေခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့ပါတယ်။

ကယ်ဆယ်ရေးသမားများသည် ပြိုကျနေသော အမိုးအောက် ညဘက်အထိ ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေပြီး တာဝန်ရှိသူများက အသက်ရှင်ကျန်ရစ်နိုင်သူများကို ရှာဖွေနိုင်ရန် အနံ့ခံခွေးများကို သုံးခဲ့ပါတယ်။

တမ်မားလိစ်ပါပြည်နယ်ရဲတပ်ဖွဲ့က ပြိုကျချိန်တွင် လူပေါင်း ၁၀၀ ခန့် ဘုရားကျောင်းထဲတွင်ရှိနေကြပြီး ၃၀ ခန့် ပိတ်မိနေကြောင်း ယူဆတယ် ဆိုပါတယ်။

အရပ်ဘက်အရာရှိများကမူ  အသေအပျောက်နှင့်ပတ်သက်၍ သတင်းအချက်အလက် တစ်စုံတရာ မပေးပေ။သို့သော် မက္ကဆီကို ကတ်သိုလစ်ဆရာတော်များကောင်စီက ညနေအစောပိုင်းတွင် “ကြေကွဲဖွယ် အသက်ဆုံးရှုံးခဲ့ရသူများနှင့် ဒဏ်ရာရသူများအတွက် ဆုတောင်းခြင်းတွင် အားလုံးပါဝင်ပါ” ဟု ကြေငြာချက်ထုတ်ပြန်ခဲ့ရာ မည်မျှသေဆုံးခဲ့သည်ကို မဖော်ပြထားပေ။

နောက်ပိုင်းတွင် ဂိုဏ်းချုပ်က မတော်တဆမှုကြောင့် ဆေးရုံတင်ထားရသူ ၅၀ ခန့် စာရင်းကို ထုတ်ပြန်ခဲ့ပါတယ်။ထိုထဲတွင် ၄ လသား ကလေးငယ်တစ်ဦး၊ ၅ နှစ်အရွယ် ကလေး ၃ ဦးနှင့် ၉ နှစ်အရွယ် ကလေးနှစ်ဦးတို့ပါဝင်ပြီး ၎င်းတို့အခြေအနေများနဲ့ပတ်သက်ပြီး ချက်ခြင်း သတင်းအချက်အလက်ထုတ်ပြန်မှုမရှိခဲ့ပေ။

အမျိုးသားအစောင့်တပ်ဖွဲ့၊ ပြည်နယ်ရဲတပ်ဖွဲ့နှင့် ပြည်နယ်အရပ်ဘက်ကာကွယ်ရေးရုံးနှင့် ကြက်ခြေနီတပ်ဖွဲ့တို့သည် အခင်းဖြစ်ပွားရာနေရာသို့ ဒုက္ခသည်များကို ကယ်ဆယ်ရန် ရှာဖွေနေကြောင်း တမ်မားလိစ်ပါပြည်နယ် ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

ပြည်တွင်းမီဒီယာများက ဖော်ပြသည့် ဓာတ်ပုံများတွင် ကွန်ကရစ်နှင့် အုတ်ပုံသဏ္ဍာန်ရှိသည့် ခေါင်မိုး၏ အစိတ်အပိုင်းများသည် မြေပြင်ပေါ်သို့ ပြုတ်ကျလုနီးပါး ဖြစ်နေသည်ကို တွေ့ရပါတယ်။ထိုအကွာအဝေးတစ်ဝိုက်ရှိ လုံခြုံရေးကင်မရာ မှတ်တမ်းများအရ ပုံမှန်မဟုတ်သော မြင်းမိုရ်ပိတ်အမိုးမှာ  အောက်ဘက်သို့ ပြိုကျနေသည်ကို တွေ့ရပါတယ်။

ဘုရားကျောင်း၏ အလယ်ဗဟိုတွင် ပြိုကျနေသော အမိုး၏ အစိတ်အပိုင်းများကို ကရိန်းဖြင့် မြေပြင်နှင့် နီးကပ်စွာဖယ်ရှားရန် ကနဦးကြိုးပမ်းမှုများကိုလည်း ပြသခဲ့ပါတယ်။သို့သော် ပြိုကျနေတဲ့ ချပ်ပြားအပိုင်း အစတွေက ပြန်ပြုတ်ကျကာ အသက်ရှင်ကျန်ရစ်သူတွေကို အန္တရာယ်ဖြစ်စေနိုင်တဲ့ အန္တရာယ်ကြောင့် အိမ်ခေါင်မိုးအပိုင်းတွေကို ဖယ်ရှားဖို့ ကြိုးပမ်းမှုတွေကို ဖျက်သိမ်းခဲ့ရတယ်လို့ ရုံးကပြောပါတယ်။

Linko
Ref - Thestar