【 နိုင်ငံတကာ 】 မက္ကဆီကိုမှာ ဟာရီကိန်းမုန်တိုင်းကြောင့် သေဆုံးသူ ၃၉ ဦးအထိရှိခဲ့၊ အတိုက်ခံများကို သမ္မတအပြစ်တင်

【 နိုင်ငံတကာ 】 မက္ကဆီကိုမှာ ဟာရီကိန်းမုန်တိုင်းကြောင့် သေဆုံးသူ ၃၉ ဦးအထိရှိခဲ့၊ အတိုက်ခံများကို သမ္မတအပြစ်တင်

အေကာပူလ်ကို၊ အောက်တိုဘာ - ၂၉
 
မက္ကဆီကိုကမ်းခြေ အပန်းဖြေစခန်း အေကာပူလ်ကိုမှာ ယခုသီတင်းပတ်အတွင်း ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ပြင်းထန်သော ဟာရီကိန်းမုန်တိုင်းတစ်ခုကြောင့် သေဆုံးသူအရေအတွက် ၃၉ ဦးအထိ မြင့်တက်လာခဲ့တယ်လို့ အစိုးရက စနေနေ့တွင် ပြောကြားခဲ့ပြီး ၎င်း၏ အတိုက်အခံများကို ဘေးအန္တရာယ်၏ အတိုင်းအတာကို ကျော်လွန်လုပ်ဆောင်နေတယ်လို့ သမ္မတ အန်ဒရီးစ် လိုပက်ဇ် အိုဘရာဒေါက ပြောခဲ့ပါတယ်။ 
 
ဟာရီကိန်း အိုတစ်စ် (Otis) ဟာ ဗုဒ္ဓဟူးနေ့က တစ်နာရီကို လေတိုက်နှုန်း ၁၆၅ မိုင်နှုန်း (၂၆၆ ကီလိုမီတာ) နဲ့ အေကာပူလ်ကို ကမ်းခြေကို ဝင်ရောက်ခဲ့ရာမှာ မြို့တစ်ခုလုံး ရေလွှမ်းမိုးခြင်း၊ နေအိမ်များ၊ စတိုးဆိုင်များနှင့် ဟိုတယ်များပါအမိုးတွေ ပျက်စီးကာ မော်တော်ယာဉ်များ ရေနစ်မြုပ်ပြီး လမ်းပန်းဆက်သွယ်ရေးနှင့် လေကြောင်းဆက်သွယ်မှု ပြတ်တောက်သွားခဲ့ပါတယ်။
 
အစိုးရက သေဆုံး၊ ဒဏ်ရာရသူများနှင့်ပတ်သက်သည့် အချက်အလက် အနည်းငယ်ကို ထုတ်ပြန်ထားပါတယ်။ 
 
အိုတစ်စ်ကြောင့် နောက်ဆုံးသေဆုံးသူအရေအတွက်မှာ ၂၇ ဦးထက်မနည်း မြင့်တက်လာပြီး အခြား လေးဦးမှာလည်း ပျောက်ဆုံးနေကြောင်း သိရပါတယ်။ 
 
လိုပက်ဇ် အိုဘရာဒေါက နိုင်ငံ၏အခြေအနေနှင့်ပတ်သက်ပြီး နောက်ဆုံးအခြေအနေကို သိရှိပြင်ဆင်ရန် ဆိုရှယ်မီဒီယာကနေ ၂၄ မိနစ်စာဗီဒီယိုကို တင်ခဲ့ပါတယ်။ 
 
ဒီဗီဒီယိုထဲမှာ လာမယ့်နှစ် သမ္မတရွေးကောက်ပွဲ မတိုင်ခင် ဒီအခြေအနေကို အမြတ်ထုတ်ဖို့ ကြိုးစားနေတယ်လို့ စွပ်စွဲတဲ့ ဝေဖန်သူတွေကို တိုက်ခိုက်ဖို့ အချိန်အတော်များကို ထည့်ပြောထားပါတယ်။ 
 
အသက် ၆၉ နှစ်ရှိ လိုပက်ဇ် အိုဘရာဒေါက ၎င်း၏အစိုးရကို အပုပ်ချရန် ကြိုးပမ်းနေသည့် မီဒီယာများက အသေအပျောက်ကို ချဲ့ကားပြောဆိုခဲ့တယ်ဆိုပြီး လုံခြုံရေးဝန်ကြီး ရိုဆာအိုက်စီလာရိုဒရီဂွတ်ဇ်က “လိမ်လည်ခြင်းမရှိတဲ့ အသေအပျောက်များတဲ့ နောက်ဆုံးသတင်းကို ပေးမယ်” လို့ ပြောခဲ့ပါတယ်။ 
 
သေဆုံးသူများမှာ အမျိုးသား ၂၉ ဦးနှင့် အမျိုးသမီး ၁၀ ဦးဖြစ်ကြောင်း အေကာပူလ်ကိုရှိရာ ဂူရီရာရိုပြည်နယ်မှ ကိန်းဂဏန်းများကို ကိုးကား၍ အစိုးရက ပြောကြားခဲ့ပါတယ်။ 
 
နေအိမ် ၂၂၀,၀၀၀ ကျော်နှင့် ဟိုတယ်ကဏ္ဍ၏ ၈၀ ရာခိုင်နှုန်း ထိခိုက်ခဲ့ပြီး လူပေါင်း ၅၁၃,၀၀၀ ကျော် လျှပ်စစ်မီး ဆုံးရှုံးခဲ့ကြောင်း ၎င်းကဆိုပါတယ်။ 
 
အိုတစ်စ် ဖျက်ဆီးမှုကြောင့်  ကျန်ရစ်ခဲ့သော ပျက်စီးဆုံးရှုံးမှု ကုန်ကျစရိတ်မှာ ဒေါ်လာဘီလီယံနှင့်ချီ၍ ခန့်မှန်းရပြီး လက်နက်ကိုင်တပ်ဖွဲ့ဝင် ၈၀၀၀ ကျော်ကို မုန်တိုင်းဒဏ်ခတ်ခံရသော ဆိပ်ကမ်း ပြန်လည်သုံးနိုင်ရန်အတွက် ကူညီရန် စေလွှတ်ခဲ့ပါတယ်။ 
 
Linko
Ref - Reuters