【 နိုင်ငံတကာ 】 မကြာသေးမီက ပိတ်ပင်ခဲ့သည့် Super Micro နှင့် Dell ဆာဗာများမှ Nvidia ချစ်ပ်များ တရုတ်ရရှိခဲ့

【 နိုင်ငံတကာ 】 မကြာသေးမီက ပိတ်ပင်ခဲ့သည့် Super Micro နှင့် Dell ဆာဗာများမှ Nvidia ချစ်ပ်များ တရုတ်ရရှိခဲ့

ပေကျင်း၊ ဧပြီ - ၂၄

ထိုသို့သော နည်းပညာများ တရုတ်သို့ရောင်းချမှု ပိတ်ပင်ခြင်းကို အမေရိကန်ပြည်ထောင်စုက လွန်ခဲ့သောနှစ်တွင် တိုးချဲ့ခဲ့သော်လည်း တရုတ်တက္ကသိုလ်များနှင့် သုတေသနအဖွဲ့အစည်းများသည် အဆင့်မြင့် Nvidia ဉာဏ်ရည်တု ချစ်ပ်များကို ပြန်လည်ရောင်းချသူများမှတစ်ဆင့် မကြာသေးမီက ရရှိခဲ့ကြောင်း သိရပါတယ်။

တင်ဒါခေါ်ယူသည့် စာရွက်စာတမ်း ရာပေါင်းများစွာကို Reuters က လေ့လာမှုအရ အမေရိကန်ပြည်ထောင်စုက နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ပိတ်ပင်မှု တိုးချဲ့ပြီးနောက် တရုတ်အဖွဲ့အစည်း ၁၀ ခုသည် Super Micro Computer Inc., Dell Technologies Inc. နှင့် Gigabyte Technology Co Ltd တို့က ထုတ်လုပ်သည့် ဆာဗာထုတ်ကုန်များတွင် ထည့်သွင်းထားသည့် အဆင့်မြင့် Nvidia ချစ်ပ်များ ရရှိခဲ့ကြောင်း သိရပါတယ်။

အတိအကျပြောရပါက ထိုဆာဗာများတွင် Nvidia ၏ အဆင့်အမြင့်ဆုံး ချစ်ပ်များပါဝင်ကြောင်း ယခင်ထုတ်ပြန်ခြင်းမရှိခဲ့သည့် နိုဝင်ဘာလ ၂၀ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၈ ရက်အတွင်း ဖြည့်ဆည်းပေးခဲ့သည့် တင်ဒါများအရ သိရပါတယ်။

အမေရိကန်ပြည်ထောင်စုသည် Nvidia နှင့် ၎င်း၏ မိတ်ဘက်များအနေဖြင့် အဆင့်မြင့် ချစ်ပ်များကို တတိယကြားခံအပါ မည်သည့်နည်းဖြင့်မျှ မရောင်းရန် တရုတ်သို့မရောင်းရန် ပိတ်ပင်ခဲ့သော်လည်း ထိုချစ်ပ်များ ရောင်းဝယ်ခြင်းသည် တရုတ်တွင် တရားဝင်ပါတယ်။

ထိုချစ်ပ်များကို ရောင်းချခဲ့သည့် လုပ်ငန်း ၁၁ ဦးသည် လူသိနည်းသည့် တရုတ်လက်လီအရောင်းလုပ်ငန်းများဖြစ်ပါတယ်။ထိုချစ်ပ်များကို ရောင်းချခြင်းသည် နိုဝင်ဘာလက ပိတ်ပင်မှုမတိုင်မီ ရရှိထားသော သိုလှောင်ကုန်များမှ ရောင်းချခြင်းဟုတ်၊ မဟုတ်ကို Reuters က အတည်ပြုနိုင်ခြင်းမရှိပေ။

Reuters က ဆက်သွယ်သောအခါ Nvidia က တင်ဒါတွင် ဖော်ပြထားသော ထုတ်ကုန်များသည့် ပိတ်ပင်မှုမတိုင်မီက တင်ပို့ပြီး ကျယ်ကျယ်ပြန့်ပြန့်ရနိုင်သော ထုတ်ကုန်များဖြစ်ကြောင်း ပြောပါတယ်။

“ကျနော်တို့ လုပ်ဖော်ကိုင်ဘက်တွေ ပို့ကုန်စည်းမျဉ်း ချိုးဖောက်တယ်လို့ အဓိပ္ပါယ်သက်ရောက်ခြင်းမရှိသလို တစ်ကမ္ဘာလုံးကိုရောင်းချတဲ့ အရေအတွက်နဲ့ယှဉ်ရင် အရမ်းကိုသေးငယ်တဲ့ အစိတ်အပိုင်းသာဖြစ်တယ်”  ဟု ပြောခွင့်ရသူတစ်ဦးက ပြောပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - Reuters