【 နိုင်ငံတကာ 】 မကြာသေးမီက အမေရိကန်-တရုတ် စီးပွားရေးနှင့် ဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများကို ပြန်လည်သုံးသပ်ခြင်း

【 နိုင်ငံတကာ 】 မကြာသေးမီက အမေရိကန်-တရုတ် စီးပွားရေးနှင့် ဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများကို ပြန်လည်သုံးသပ်ခြင်း

ပေကျင်း၊ ဧပြီ - ၇
 
စနေနေ့တွင် တရုတ်ဒုတိယဝန်ကြီးချုပ် ဟီလီဖန်နှင့် အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဂျဲနက် ယီလန်တို့သည် နောက်တစ်ကြိမ် ပြင်းထန်သော ၂ နိုင်ငံဆွေးနွေးပွဲများ ကျင်းပခဲ့ကြပါတယ်။
 
ထိုဆွေးနွေးပွဲများသည် ဆက်ဆံရေးမြှင့်တင်ရန်နှင့် ချောမွေ့သော ဆက်ဆံရေးဖြစ်စေရန် ၂ နိုင်ငံလုံး၏ ကတိကဝတ်များကို မီးမောင်းထိုးပြသည့် ပုံမှန်အဆင့်မြင့် စည်းဝေးပွဲများဖြစ်ပါတယ်။
 
စီးပွါးရေးနှင့် ဘဏ္ဍာရေး နယ်ပယ်တွင် တရုတ်နှင့် အမေရိကန်အကြား မကြာသေးမီက ဖြစ်ပေါ်တိုး တက်မှုများနှင့် ရရှိသော ပြန်လည်သုံးသပ်မှုများကို အောက်တွင်ဖော်ပြထားပါတယ်။
 
ယီလန်သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီး ထို ၄ ရက်အတွင်း ဆွေးနွေးပွဲများသည် တိုက်ရိုက်ဖြစ်ပြီး အရေးပါကာ အကျိုးရှိသည်ဟု သူမက ပြောပါတယ်။ထိုသို့ထိတွေ့ဆက်ဆံခြင်းသည် ပွင့်လင်း လက်တွေ့ကျပြီး အကျိုးရှိသည်ဟု သူမက ပြောပါတယ်။
 
- စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ တရုတ်-အမေရိကန် ဆက်ဆံရေး လုပ်ငန်းအဖွဲ့များကို ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် စတင်ထူထောင်ပါတယ်။ထိုအဖွဲ့များ ကမ္ဘာ့အကြီးမားဆုံး စီးပွားရေးနှစ်ခုအကြား ပုံမှန်မူဝါဒ ဆက်သွယ်ရေးဖိုရမ် ဖြစ်စေရန် ရည်ရွယ်ပါတယ်။
 
- ၂၀၂၄ ခုနှစ် ဇန်ဝါရီလတွင် တရုတ်နိုင်ငံ စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာ ဝန်ကြီး တန်ရန်ကျန်းနှင့် အမေရိကန်လယ်ယာစိုက်ပျိုးရေးဝန်ကြီး တွမ် ဗီလ်ဆက်တို့သည် ၇ ကြိမ်မြောက် တရုတ်-အမေရိကန် စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှု ပူပေါင်းဆောင်ရွက်ရေး ကော်မတီ ၇ ကြိမ်မြောက် အစည်းအဝေးကို  ဝါရှင်တန်ဒီစီတွင် ပူးတွဲသဘာပတိအဖြစ် ကျင်းပပြီး နှစ်နိုင်ငံအကြား စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှု ပြန်လည်စတင်ခဲ့ပါတယ်။
 
- တတိယအကြိမ်မြောက် တရုတ်-အမေရိကန် စီးပွားရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးကို ပေကျင်းတွင် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလက ကျင်းပခဲ့ပါတယ်။ဆွေးနွေးချက်များသည် အဓိက အားဖြင့် မက်ခရိုစီးပွားရေးအခြေအနေနှင့် နိုင်ငံ မူဝါဒများ၊ စက်မှုထိပ်သီးနိုင်ငံ ၂၀ ဘဏ္ဍာရေး ပူးပေါင်းဆောင်ရွက်မှု၊ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကြွေးမြီနှင့် စက်မှုမူဝါဒများကို အဓိကထားပါတယ်။
 
- ၂၀၂၄ ခုနှစ် မတ်လက ကျင်းပသည့် အမေရိကန်ပြည်ထောင်စု-တရုတ် စီးပွားရေးချိတ်ဆက်ရေး အစီအစဉ်တွင် ၂ နိုင်ငံလုံးမှ ကုမ္ပဏီ ၁၃၀ ကျော်မှ ကုမ္ပဏီကိုယ်စားလှယ်များ တက်ရောက်ကြပြီး ပိုမိုမြင့်မားသည့် ပူးပေါင်းဆောင်ရွက်မှုနှင့် နားလည်မှုကို မီးမောင်းထိုးပြခဲ့ပါတယ်။
 
အထူးသဖြင့် ထိုအခမ်းအနားသည် လက်ရှိ တရုတ်-အမေရိကန် ဆက်ဆံရေးကို ပုံဖော်သည့် အပြန်အလှန်ဖလှယ်ရေးနှင့် ထိတွေ့ဆက်ဆံရေးပုံဖော်ပြသခဲ့ပါတယ်။
 
စိုးချစ်
သတင်းရင်းမြစ် - CMG