【 နိုင်ငံတကာ 】 မဟာငလျင်လှုပ်သလိုဖြစ်မည်ဟု အစ္စရေးကို အီရန် သတိပေး

【 နိုင်ငံတကာ 】 မဟာငလျင်လှုပ်သလိုဖြစ်မည်ဟု အစ္စရေးကို အီရန် သတိပေး

ဘေရွတ်၊ အောက်တိုဘာ - ၁၅
 
အီရန်နိုင်ငံခြားရေးဝန်ကြီးက အစ္စရေးအနေဖြင့် ဂါဇာကို တိုက်ခိုက်မှုရပ်ရန် စနေနေ့တွင်တောင်းဆိုခဲ့ပြီး ဟစ်ဇ်ဘိုလာက ထိုစစ်ပွဲတွင်ပါဝင်ရန် ဆုံးဖြတ်လိုက်ပါက အရှေ့အလယ်ပိုင်း အခြားဒေသများသို့ စစ်ပွဲကျယ်ပြန့်လာပြီး အစ္စရေးသည် ငလျင်လို အကြီးအကျယ်ခံရမည်ဟု  သတိပေးခဲ့ပါတယ်။
 
လက်ဘနွန်မှ ဟစ်ဇ်ဘိုလာအုပ်စုသည် စစ်ပွဲပုံစံအမျိုးမျိုးကို စဉ်းစားထားပြီး အစ္စရေးသည် ဂါဇာကို တိုက်ခိုက်မှု အမြန်ဆုံးရပ်ရန် ဟိုစိန် အမ်မာရက်ဒိုလာဟီရန်က သတင်းထောက်များကို ဘေရွတ်တွင် ပြောခဲ့ပါတယ်။
 
အစ္စရေးက ဟစ်ဇ်ဘိုလာသည် အစ္စရေး၏ မည်သည့်နေရာကိုမဆို ပစ်ခတ်နိုင်သည့် ပဲ့ထိန်း ဒုံးကျည်များအပါအ၀င် ဒုံးကျည်ပေါင်း ၁၅၀,၀၀၀ ကို ပိုင်ဆိုင်ထားသည်ဟု ခန့်မှန်းပြီး ထိုအဖွဲ့ကို အပြင်းထန်ဆုံး အနီးကပ်ဆုံး ခြိမ်းခြောက်မှုအဖြစ် သတ်မှတ်ထားပါတယ်။ 
 
ထိုအဖွဲ့တွင် ဆီးရီးယား၏ ၁၂ နှစ်ကြာ စစ်ပွဲတွင် ပါဝင်ခဲ့သည့် တိုက်ခိုက်ရေး အတွေ့အကြုံရင့်စစ်သား ထောင်ပေါင်းများစွာ ပါဝင်ပြီး စစ်ဘက်သုံး ဒရုန်းအမျိုးမျိုးကိုလည်း ပိုင်ဆိုင်ထားသည်ဟု ယူဆထားပါတယ်။
 
ယခင်အပတ် စနေနေ့က ပါလက်စတိုင်း ဟားမားစ်အဖွဲ့က အစ္စရေးကို တိုက်ခိုက်သောကြောင့် အစ္စရေးအရပ်သားနှင့် စစ်သားရာချီ သေဆုံးစေပြီးနောက် ဟစ်ဇ်ဘိုလာတိုက်ခိုက်ရေးသမားများသည် လက်ဘနွန်နှင့် အစ္စရေးနယ်စပ်တွင် တပ်လှန့်ထားပါတယ်။
 
လက်ဘနွန်နှင့် နယ်စပ်တွင် အစ္စရေးသို့ ထိုးဖောက်ဝင်ရောက်ရန် ကြိုးစားနေသည့် ကလပ်စည်းတစ်ခုကို ဖျက်ဆီးလိုက်ကြောင်း အစ္စရေးစစ်တပ်က စနေနေ့တွင် ကြေညာခဲ့ပါတယ်။
 
သောကြာနေ့တွင် ဟစ်ဇ်ဘိုလာက ၎င်းတို့တိုက်ခိုက်ရေးသမားများသည် နယ်စပ်တစ်လျှောက်မှ အစ္စရေးစခန်း ၄ ခုကို ဒုံးကျည်များဖြင့် တိုက်ခိုက်ကြောင်း ပြောခဲ့ပါတယ်။
 
Linko
Ref - ABC