【 နိုင်ငံတကာ 】 မိန်းပြည်နယ်မှာ အစုလိုက်အပြုံလိုက် ပစ်ခတ်မှုကြောင့် အနည်းဆုံး ၂၂ ဦး သေဆုံးပြီး ဒါဇင်နှင့်ချီ ဒဏ်ရာရ

【 နိုင်ငံတကာ 】 မိန်းပြည်နယ်မှာ အစုလိုက်အပြုံလိုက် ပစ်ခတ်မှုကြောင့် အနည်းဆုံး ၂၂ ဦး သေဆုံးပြီး ဒါဇင်နှင့်ချီ ဒဏ်ရာရ

လီဝီစ္စတန်၊ အောက်တိုဘာ - ၂၆

အနည်းဆုံး အခြားနေရာတစ်ခုအပါအဝင် ဒေသတွင်း စားသောက်ဆိုင်နှင့် ဘားများရှိသော ဘိုးလင်းလမ်းကြားတွင် ဖြစ်ပွားခဲ့သော ပစ်ခတ်မှုအတွင်း  သေဆုံးသူ ၂၂ ဦးအထိ မြင့်တက်လာခဲ့ကြောင်း မြို့တော်ကောင်စီဝင် ရောဘတ်မက်ကာသီက CNN သို့ ပြောကြားခဲ့တယ်လို့ မီဒီယာများ ဖော်ပြမှုအရ သိရပါတယ်။

“ကျနော့်နားလည်တာကတော့ ဘိုးလင်းလမ်းကြားက သေနတ်သမားရဲ့ သက်သေအထောက်အထား တစ်ခုရှိတယ်။ ၂၂ ယောက်သေတယ်၊ ဒဏ်ရာရတာတွေ အများကြီးရှိတယ်” လို့ မက္ကာသီက ပြောပါတယ်။

ဒေသခံရဲတပ်ဖွဲ့က  သေနတ်သမားရဲ့ ဓာတ်ပုံကို ဖေ့စ်ဘုတ်မှာ တင်ထားခဲ့ရာ ဘိုးလင်းလမ်းအတွင်း ဆီမီးအော်တိုပုံစံလက်နက်ဟု ထင်ရသည့် အရာကို သယ်လာတာကို ပြခဲ့ပါတယ်။

မုတ်ဆိတ်မွေး အညိုရောင်၊ အင်္ကျီအပြာရောင် ဘောင်းဘီတိုနှင့် အညိုရောင် ဖိနပ်တို့ကို ဝတ်ဆင်ထားသည့် သံသယရှိသူ၏ အထောက်အထားနှင့်ပတ်သက်သည့် အချက်အလက်ရှိသူ မည်သူမဆို ၎င်းတို့အား ချက်ချင်းဆက်သွယ်ရန် ရဲတပ်ဖွဲ့က တောင်းဆိုခဲ့ပါတယ်။

အဖြူရောင် SUV ကားတစ်စီးရဲ့ ဓာတ်ပုံကိုလည်း ထုတ်ပြန်ခဲ့ပြီး ယာဉ်၏ ရှေ့ဘန်ပါကို အနက်ရောင်ဖြင့် ခြယ်သထားသည်ဟုဆိုကာ ယာဉ်ကို ဖော်ထုတ်ရာတွင် လူအများ၏အကူအညီကို တောင်းခံခဲ့ပါတယ်။

အန်ဒို့စ်စကော့ဂင်း ကောင်တီ ရဲအရာရှိဌာနမှ ဖေ့စ်ဘွတ်တွင် “ဖြစ်နေဆဲ ပစ်ခတ်မှု ဖြစ်ရပ်နှစ်ခုကို စုံစမ်းစစ်ဆေးနေတယ်” လို့ ရေးခဲ့ပါတယ်။

“ကျွန်ုပ်တို့သည် စုံစမ်းစစ်ဆေးနေစဉ်အတွင်း လုပ်ငန်းအားလုံးကို ပိတ်ချထားရန် (သို့မဟုတ်) ပိတ်ရန် ကျွန်ုပ်တို့ တိုက်တွန်းပါတယ်။သေနတ်သမားက အခုထိရှိနေတုန်းပဲ” လို့ ရေးခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး သမ္မတ ဂျိုးဘိုင်ဒင်ကို အကျဉ်းချုံး တင်ပြပြီးပြီလို့ အိမ်ဖြူတော်က ပြောပါတယ်။

မိန်းပြည်နယ်အုပ်ချုပ်ရေးမှူး ဂျဲနတ်မေးလ်က “သူမအနေဖြင့် လီဝီစ္စတန်ရှိ လှုပ်ရှားနေဆဲ သေနတ်သမားအခြေအနေကို သိရှိပြီး အကျဉ်းချုံးသိပြီးပြီ” လို့ ပြောခဲ့ပါတယ်။

တရားဥပဒေစိုးမိုးရေး သတင်းရင်းမြစ် အများအပြားကို ကိုးကား၍ အဆိုပါဖြစ်စဉ်များတွင် အနည်းဆုံး လူ ၅၀ မှ ၆၀ ဦးအထိ ဒဏ်ရာရရှိခဲ့ကြောင်း CNN သတင်းဌာနက ဖော်ပြသော်လည်း သေနတ်ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူ မည်မျှရှိသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း ပြောကြားခဲ့ပါတယ်။

ရဲများနှင့် ကယ်ဆယ်ရေးသမားများသည် ဒေသစံတော်ချိန် ည ၇ နာရီ ၁၅ မိနစ်ခန့်တွင် Sparetime Recreation ဘိုးလင်းလမ်းသို့ ရောက်ရှိလာပြီး သေနတ်သမားကို တုံ့ပြန်ခဲ့ရာ Schemengees Bar & Grille တွင် နောက်ထပ်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း Sun Journal ဒေသဆိုင်ရာသတင်းစာက ဖော်ပြခဲ့ပါတယ်။

ည ၈ နာရီ ၁၅ မိနစ်တွင် ဒေသတွင်း ဝေါလ်မတ်ဖြန့်ဖြူးရေးစင်တာတွင် နောက်ထပ်ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

Linko
Ref - AFP