【 နိုင်ငံတကာ 】 မိသားစုနှင့်ပြန်ဆုံတွေ့ရန် လွမ်းဆွတ်မှုကို ပြသနေသည့် လမုန့်ပွဲတော်

【 နိုင်ငံတကာ 】 မိသားစုနှင့်ပြန်ဆုံတွေ့ရန် လွမ်းဆွတ်မှုကို ပြသနေသည့် လမုန့်ပွဲတော်

ပေကျင်း၊ စက်တင်ဘာ - ၃၀

တရုတ်လမုန့်ပွဲတော်ဟာ မိသားစုနဲ့ ပြန်လည်ဆုံတွေ့ဖို့ဆန္ဒနဲ့ ဇာတိမြေ၊ အမိနိုင်ငံအပေါ် လွမ်းဆွတ်တမ်းတတာကို ပြသတာဖြစ်ကြောင်း China Media Group သတင်းဖော်ပြချက်အရ သိရပါတယ်။

တရုတ်ပြည်၊ ဖူကျန့်ပြည်နယ်၊ ရှမင်မြို့ရဲ့ ဒုတိယမြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်နေသည့် ရှီကျင့်ဖျင်ဟာ ၁၉၈၆ ခုနှစ် လမု့န်ပွဲတော် အကြိုနေ့က လမုန့်တွေထည့်ထားတဲ့ သေတ္တာနှစ်လုံးကို စက်ဘီးဖြင့် သယ်ဆောင်သွားပြီး ရှမင်တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသား အိပ်ဆောင်သို့ သွားရောက်ကာ လမုန့်ပွဲတော်ကို အတူနွှဲပျော်ခဲ့ကြပါတယ်။

ထိုနွှဲပျော်ခဲ့ကြတဲ့ လမုန့်ပွဲတော်ဟာ ဇာတိမြေနဲ့ ဝေးကွာနေတဲ့ ကျောင်းသူ၊ ကျောင်းသားများအနေနဲ့ အိမ်ပြန်ရောက်နေသလို ခံစားမှုမျိုးကို ရရှိစေခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ရှီကျင့်ဖျင်ဟာ ယခုနှစ်တွေမှာ ဇာတိမြေမှ ထွက်ခွာပြီး အခြားဒေသကို သွားရောက် ပညာသင်ကြားနေကြတဲ့ လူငယ်တွေကိုဖြစ်ဖြစ်၊ တစ်နယ်ရပ်ခြားမှာ သွားရောက်နေထိုင်သူတွေကိုဖြစ်ဖြစ် အမြဲဂရုစိုက်လေ့ရှိပြီး ရိုးရာပွဲတော်နေ့တွေကိုရောက်လာတိုင်း ပြည်သူအားလုံးကို ဆုမွန်ကောင်းတောင်းပေးတာတွေကိုလည်း ပြုလုပ်လေ့ရှိတယ်လို့ China Media Group သတင်းဖော်ပြချက်အရ  သိရပါတယ်။