【 နိုင်ငံတကာ 】 မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စပိန်တွင် တံတားပြိုကျကာ မြေအောက်ရထားရေကြီးလို့ လူသုံးဦးသေဆုံး

【 နိုင်ငံတကာ 】 မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စပိန်တွင် တံတားပြိုကျကာ မြေအောက်ရထားရေကြီးလို့ လူသုံးဦးသေဆုံး

မက်ဒရစ်၊ စက်တင်ဘာ - ၄

စပိန်နိုင်ငံတစ်ဝန်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် အမျိုးသားနှစ်ဦး လိုက်ပါလာသည့် ကားမှာ ခရီးထွက်လာစဉ် ရေနစ်မြုပ်သဖြင့် သေဆုံးခဲ့ပါတယ်။

ကယ်ဆယ်ရေးသမားများက ကလေးငယ်၏ အလောင်းကို တွေ့ရှိသော်လည်း ဖခင်ဖြစ်သူကို ရှာဖွေနေဆဲဖြစ်ကြောင်း ပြောခဲ့ပါတယ်။၎င်းတို့မှာ မက်ဒရစ်မြို့အနောက်ဘက်ရှိ အယ်လ်ဒီအာဒီလ်ဖရန်ဆိုရွာသို့ ကားဖြင့် ခရီးသွားခဲ့ကြရာမှာ ရေထဲမျောပါသွားခဲ့တာဖြစ်ပါတယ်။

သီးခြားဖြစ်ရပ်များတွင် စပိန်အလယ်ပိုင်း၊ တိုလီဒိုရှိ ရွာတစ်ရွာဖြစ်သော Casarrubios del Monte တွင် အမျိုးသားနှစ်ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့ပါတယ်။

အသက် ၂၀ အရွယ် အမျိုးသားတစ်ဦးမှာ ဓာတ်လှေကားအတွင်း ပိတ်မိကာ ကယ်ဆယ်သူများ မရောက်ရှိမီ သေဆုံးသွားခဲ့ကြောင်း၊ အခြားတစ်ဦးမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းတစ်လမ်းမှာ မြစ်ရေကျော်လာစဉ် ကားထဲပိတ်မိကာ သေဆုံးခဲ့ပါတယ်။

စနေနေ့က စတင်ပြီး တနင်္လာနေ့ နံနက်အထိ ဆက်တိုက်ရွာသွန်းခဲ့သော မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တံတားများပြိုကျကာ ကားလမ်းများ ရေလျှံပြီး နေအိမ်များ ရေကြီးနစ်မြုပ်မှု ဖြစ်ပွားခဲ့ပါတယ်။

စပိန်တွင် တနင်္ဂနွေနေ့က မိုးသည်းထန်စွာရွာပြီး လေပြင်းများ အဆိုးရွားဆုံး တိုက်ခတ်ခဲ့သဖြင့် အပျက်အစီးများရှိသော်လည်း နောက်နေ့မှာ နွေရာသီကာလအပြီး သန်းနှင့်ချီသော စပိန်နိုင်ငံသားများ အလုပ်ပြန်ဆင်းခဲ့ကြပါတယ်။

မက်ဒရစ်ဒေသရှိ တံတားလေးစင်းမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြိုကျခဲ့ပါတယ်။စပိန်မြို့တော်တွင် မြေအောက်ရထားလိုင်းများ ပြတ်တောက်ခဲ့ပြီး ခရီးသွားများမှာ ရထားခန်းအတွင်း ရေများစီးကျနေသည့်ပုံများကို လူမှုမီဒီယာတွင် တင်ခဲ့ကြပါတယ်။

Linko
Ref - iNews