【 နိုင်ငံတကာ 】 မေလတွင် ရုရှားသမ္မတ ပူတင် တရုတ်သို့ သွားမည်

【 နိုင်ငံတကာ 】 မေလတွင် ရုရှားသမ္မတ ပူတင် တရုတ်သို့ သွားမည်

မော်စကို၊ ဧပြီ - ၂၇

မေလတွင် တရုတ်နိုင်ငံသို့ သွားရောက်ရန် စီစဉ်ထားကြောင်း ရုရှားသမ္မတ ပူတင်က ကြာသပတေးနေ့တွင် ပြောကြားလိုက်ပါတယ်။

မတ်လတွင် ရွေးကောက်ပွဲပြီးနောက် ထိုခရီးစဉ်သည် ပူတင်၏ သမ္မတသက်တမ်းသစ် ၆ နှစ်အတွက် ပထမဆုံး နိုင်ငံခြာခရီး ဖြစ်နိုင်ပါတယ်။

သူသည် ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် တရုတ်နိုင်ငံသို့ နောက်ဆုံးသွားရောက်ခဲ့ပါတယ်။

ပူတင်သည် သူ၏တပ်များကို ယူကရိန်းသို့ မစေလွှတ်မီ သုံးပတ်ပင်မပြည့်မီ တရုတ်သမ္မတရှီကျင့်ဖျင်နှင့် အကန့်အသတ်မရှိ ပူးပေါင်းဆောင်ရွက်ရေးစာချုပ် ချုပ်ခဲ့ပါတယ်။

ထိုစစ်ပွဲစတင်ချိန် နောက်ပိုင်းတွင် အနောက်နိုင်ငံများက အရေးယူပိတ်ဆို့မှုလှိုင်းများ ချမှတ်သောကြောင့် တရုတ်နှင့် သံတမန်ရေး ကုန်သွယ်ရေး ဆက်ဆံမှုသည် မော်စကိုအတွက် ပိုမိုအရေးပါလာပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - Reuters