【 နိုင်ငံတကာ 】 မော်စကိုမြို့အနီး ချဉ်းကပ်လာတဲ့ ဒရုန်းများကို ဖျက်ဆီးနိုင်ခဲ့ဟု မြို့တော်ဝန် ဆို

【 နိုင်ငံတကာ 】 မော်စကိုမြို့အနီး ချဉ်းကပ်လာတဲ့ ဒရုန်းများကို ဖျက်ဆီးနိုင်ခဲ့ဟု မြို့တော်ဝန် ဆို

မော်စကို၊ သြဂုတ် - ၂၆

မောင်းသူမဲ့ လေယာဉ်တစ်စင်း မော်စကိုမြို့သို့ ချဉ်းကပ်လာစဉ် ရုရှားလေကြောင်းကာကွယ်ရေးတပ်များက ဖျက်ဆီးပစ်ခဲ့နိုင်ကြောင်း မြို့တော်ဝန် ဆာဂျီဆိုဘေနင်က သြဂုတ် ၂၆ ရက် အစောပိုင်းက ပြောကြားခဲ့ပါတယ်။

“ညက မော်စကို အင်စတင်စကီခရိုင်ကို ချဉ်းကပ်လာတဲ့ ဒရုန်းတစ်စီးကို လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များက ဖျက်ဆီးခဲ့တယ်” လို့ ဆို‌ဘေနင်က တယ်လီဂရမ်မှာ ရေးခဲ့ပါတယ်။

“ကနဦးသတင်းအရတော့ ထိခိုက်သေဆုံးမှု (သို့မဟုတ်) ပျက်စီးမှု မရှိခဲ့ပါဘူး။အရေးပေါ်ဝန်ဆောင်မှုတွေတော့ ဖြစ်တဲ့နေရာမှာ လုပ်ဆောင်နေပါတယ်” ဟု ၎င်းက ပြောကြားခဲ့ပါတယ်။

ကိယက်ဗ်က ယခုနွေရာသီအစောပိုင်းတွင် ရုရှားထံ စစ်ပွဲပြန်ရောက်လာမည်ဟု ကတိပြုခဲ့ပြီးနောက် မကြာသေးမီရက်ပိုင်းများအတွင်း မြို့တော်နှင့် အခြားရုရှားဒေသများမှာ ယူကရိန်းက ဒရုန်းဖြင့်တိုက်ခိုက်မှုများ ပြုလုပ်ရန် ပစ်မှတ်ထားခံခဲ့ရပါတယ်။

ယူကရိန်းနယ်စပ်ရှိ ဘဲလ်ဂိုရော့ဒ်ဒေသတွင် ဗုဒ္ဓဟူးနေ့က ကိယက်ဗ်တပ်ဖွဲ့များလက်ချက်ဖြင့် အရပ်သားသုံးဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့ပါတယ်။ထိုနေ့တွင်ပင် မော်စကိုမြို့ စီးပွားရေးရပ်ကွက်ရှိ မိုးမျှော်တိုက်တစ်ခုသို့ ဒရုန်းတစ်စင်း ပျက်ကျခဲ့ပြီး တစ်ဦးတစ်ယောက်မျှ ထိခိုက်သေဆုံးမှုမရှိသော်လည်း ပြတင်းပေါက်များ ပျက်စီးကျိုးပဲ့ခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့ပါတယ်။   

မော်စကိုဒေသကို ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းခံရသည် ခြောက်ညမြောက် ဆက်တိုက် တိုက်ခိုက်ခံရခြင်းဖြစ်ပါတယ်။

Linko
Ref - Kyivpost