【 နိုင်ငံတကာ 】 မြေပြင်ထိုးစစ်ပြင်ဆင်ရန် အစ္စရေးတပ်များ ဂါဇာမြောက်ပိုင်းသို့ ခဏတာဝင်ရောက်စီးနင်း

【 နိုင်ငံတကာ 】 မြေပြင်ထိုးစစ်ပြင်ဆင်ရန် အစ္စရေးတပ်များ ဂါဇာမြောက်ပိုင်းသို့ ခဏတာဝင်ရောက်စီးနင်း

ရာဖေး၊ အောက်တိုဘာ - ၂၇

အစ္စရေးတပ်များနှင့် တင့်ကားများသည် မြေပြင်စစ်ဆင်ရေးအတွက် ပြင်ဆင်သည့်အနေဖြင့် ဟားမတ်စ် တိုက်ခိုက်ရေးသမားများနှင့် တိုက်ခိုက်ပြီး တင့်ဖျက်လက်နက်များကို ပစ်မှတ်ထားကာ ဂါဇာမြောက်ပိုင်းကို ညဘက်တွင် ခဏတာ ဝင်ရောက်စီးနင်းခဲ့ကြောင်း အစ္စရေးစစ်တပ်က ကြာသပတေးနေ့တွင် ကြေညာခဲ့ပါတယ်။

သေးငယ်ပြီး လူနေထူထပ်သော ဂါဇာတွင် လူထောင်ပေါင်းများစွာ သေဆုံးစေပြီး လူတစ်သန်း နေရပ်စွန့်ခွာရသည့် လေကြောင်းတိုက်ခိုက်မှု ၂ ပတ်အကြာတွင် အစ္စရေးက ဂါဇာကို ဝင်ရောက်စီးနင်းသည်မှာ ယခုအကြိမ်သည် တတိယအကြိမ်ဖြစ်ပါတယ်။

တစ်ချိန်တည်းတွင် အမေရိကန်စစ်တပ်ကလည်း သောကြာနေ့အစောပိုင်းတွင် ဆီးရီးယားနိုင်ငံအရှေ့ပိုင်းမှ အီရန်တော်လှန်ရေးအစောင့်တပ်နှင့်ပတ်သက်သည့် နေရာနှစ်ခုကို လေကြောင်းမှ တိုက်ခိုက်ခဲ့ပါတယ်။

လွန်ခဲ့သောအပတ်အတွင်း ဒေသတွင်းမှ အမေရိကန် စခန်းများနှင့် တပ်ဖွဲ့များကို ဒရုန်းနှင့် ဒုံးကျည်တိုက်ခိုက်မှုများကြောင့် လက်စားချေခြင်းဖြစ်ကြောင်း အမေရိကန်က ပြောပါတယ်။

အရပ်သားများ ဒုက္ခအဆုံးသတ်ရေးနှင့် ဂါဇာသို့ လူသားချင်းစာနာမှုအကူအညီ စီးဝင်ရေးအတွက် အာရပ်ခေါင်းဆောင်များက ကြာသပတေးနေ့တွင် ပူးတွဲမေတ္တာရပ်ခံခဲ့ပါတယ်။

အစ္စရေးက ဂါဇာကို တင်းကျပ်စွာ ပိတ်ဆို့ထားသောကြောင့် ဒေသခံများသည် အစားအစာ၊ ရေ၊ ဆေးဝါး ပြတ်လပ်နေပြီး ကုလသမဂ္ဂလုပ်သားများတွင်လည်း ကယ်ဆယ်ရေးလုပ်ရန် လောင်စာအနည်းငယ်သာ ကျန်တော့ပါတယ်။

Linko
Ref - Burnabynow