【 နိုင်ငံတကာ 】 မြောက်ကိုရီးယားဘက်က ထောက်ခံနေတယ်လို့ ရုရှားနဲ့ တရုတ်ကို အမေရိကန်စွပ်စွဲ

【 နိုင်ငံတကာ 】 မြောက်ကိုရီးယားဘက်က ထောက်ခံနေတယ်လို့ ရုရှားနဲ့ တရုတ်ကို အမေရိကန်စွပ်စွဲ

နယူးယောက်၊ သြဂုတ် - ၂၆

လူအများက သူလျှိုဂြိုဟ်တုဟု သတ်မှတ်ခဲ့ကြသည် မကြာသေးမီက ပြုံယမ်း၏ အာကာသအတွင်း ဂြိုဟ်တုတစ်ခုထားရှိရန် ကြိုးပမ်းမှုအပါအဝင် မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မှုအပေါ် ကုလလုံခြုံရေးကောင်စီ၏ ညီညီညွတ်ညွတ် တုံ့ပြန်မှုကို တရုတ်နှင့် ရုရှားတို့က ပိတ်ဆို့ထားကြောင်း အမေရိကန်က စွပ်စွဲလိုက်ပါတယ်။

ပဲ့ထိန်းဒုံးကျည်နည်းပညာကို အသုံးပြုထားတဲ့ ပြုံးယမ်း၏ ဒုတိယအကြိမ်မြောက် ပစ်လွှတ်စမ်းသပ်မှုကို အရေးပေါ်လုံခြုံရေးကောင်စီအစည်းအဝေးတွင် အဖွဲ့ဝင် ၁၅ နိုင်ငံအနက် မော်စကိုနဲ့ ပေကျင်းကလွဲပြီး ကျန် ၁၃ နိုင်ငံက ရှုတ်ချခဲ့ပါတယ်။

“ဒါဟာ ကျွန်တော်တို့ကို စည်းလုံးညီညွတ်ရမယ့် ကိစ္စတစ်ခုဖြစ်သင့်ပါတယ်။ဒါပေမဲ့ ၂၀၂၂ ခုနှစ် အစပိုင်းကတည်းက တရုတ်နဲ့ ရုရှားတို့ရဲ့ အဟန့်အတားတွေကြောင့် ဒီကောင်စီဟာ သူ့ရဲ့ကတိကဝတ်တွေကို လိုက်နာစေဖို့ ပျက်ကွက်ခဲ့ပါတယ်” ဟု ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါ သောမတ်စ် ဂရင်းဖီးလ်က ပြောကြားခဲ့ပါတယ်။

“မြောက်ကိုရီးယားရဲ့ နျူကလီးယားခြိမ်းခြောက်မှုဟာ ကြီးထွားလာနေပြီး ရုရှားနဲ့ တရုတ်တို့ဟာ နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းဖို့ သူတို့ရဲ့ တာဝန်ဝတ္တရားအတိုင်း မလုပ်ဆောင်ကြပါဘူး” ဟု မြောက်ကိုရီးယား၏ တရားဝင်အမည်ဖြစ်သော ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ၏ အတိုကောက် အမည်ကို အသုံးပြု၍ သူမက ထည့်သွင်းပြောကြားခဲ့ပါတယ်။

သောမတ်စ် ဂရင်းဖီးလ်ဒ်သည် ပြီးခဲ့သည့်လက မြောက်ကိုရီးယား စစ်ရေးပြအခမ်းအနားတွင် ရုရှားနှင့် တရုတ်အရာရှိများရှိနေခြင်းကို ရှုတ်ချခဲ့ပြီး ယင်းအခမ်းအနားတွင် ဒရုန်းအသစ်များနှင့် နျူကလီယား ပစ်နိုင်သော တိုက်ချင်းပစ်ဒုံးကျည်များကို ပြသခဲ့ပါတယ်။

“သူတို့က အောင်ပွဲခံနေကြတာ၊ ကျင်းပနေကြတာ။လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်ပြီး ကောင်စီရဲ့ လုပ်ဆောင်ချက်တွေကို ဆက်ပြီးပိတ်ဆို့နေတယ်” ဟု သောမတ်စ် ဂရင်းဖီးလ်က မော်စကိုနှင့် ပေကျင်းကို ပြောခဲ့ပါတယ်။

ပြုံးယမ်းအပေါ် ပိတ်ဆို့အရေးယူမှုအသစ်များ ချမှတ်ရန် ဆုံးဖြတ်ချက်ကို ၂၀၂၂ ခုနှစ် မေလတွင် တရုတ်နှင့် ရုရှားတို့က  ဗီတိုအာဏာသုံးခဲ့သဖြင့် မြောက်ကိုရီးယားနှင့်ပတ်သက်သည့် လုံခြုံရေးကောင်စီမှ ဆုံးဖြတ်ချက် (သို့မဟုတ်) ကြေညာချက်ကို ယခုထိ အတည်ပြုနိုင်ခဲ့ခြင်းမရှိပေ။

မြောက်ကိုရီးယားအပေါ် နောက်ဆုံးအကြိမ် လုံခြုံရေးကောင်စီ၏ ပေါင်းစည်းလုပ်ဆောင်ချက်သည် ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့ပါတယ်။

တရုတ်နှင့် ရုရှားကိုယ်စားလှယ်များက တောင်ကိုရီးယားနှင့် အမေရိကန် စစ်ရေးလေ့ကျင့်မှုများ ဆက်လက်လုပ်ဆောင်နေမှုကို ထောက်ပြပြီး မြောက်ကိုရီးယား၏ ရန်လိုသော ရပ်တည်ချက်အတွက် ဝါရှင်တန်ကို အပြစ်တင်ရန် လိုအပ်ကြောင်း ပြောခဲ့ပါတယ်။

Linko
Ref - TRT