【 နိုင်ငံတကာ 】 ယူကရိန်းကို စစ်ရေးအကူအညီပေါင်း ၄.၃ ဘီလီယံ ထောက်ပံ့ဖို့ ဥရောပသမဂ္ဂ ကတိပြု

【 နိုင်ငံတကာ 】 ယူကရိန်းကို စစ်ရေးအကူအညီပေါင်း ၄.၃ ဘီလီယံ ထောက်ပံ့ဖို့ ဥရောပသမဂ္ဂ ကတိပြု

ဘရပ်ဆဲလ်၊ အောက်တိုဘာ - ၃

ရုရှားကို ခုခံတိုက်ခိုက်နေသည့် ယူကရိန်းကို စစ်ရေးအကူအညီ စတာလင် ပေါင် ၃ ဒသမ ၄ ဘီလီယံ ထောက်ပံ့ဖို့ ဥရောပသမဂ္ဂ (အီးယူ) က ကတိပြုလိုက်ပါတယ်။

“ရက်စက်ကြမ်းကြုတ်ပြီး လူမဆန်သော” မော်စကိုကို အနိုင်ယူရန် အီးယူက ကတိကဝတ်ပြုထားဆဲဖြစ်တယ်လို့ အီးယူရဲ့ နိုင်ငံခြားရေးရာ အဆင့်မြင့်ကိုယ်စားလှယ် ဂျိုးဇက်ဘော်ရဲလ်က ပြောခဲ့ပါတယ်။

ယခုအကူအညီမှာ အမေရိကန်ကွန်ဂရက်လွှတ်တော်က ၎င်း၏အသုံးစရိတ်ဥပဒေကြမ်းမှ ယူကရိန်းစစ်ပွဲ အကူအညီပေးမှုကို ဖယ်ထားသည့် ဥပဒေနှင့် ဆလိုဗက်ကီးယား ရွေးကောက်ပွဲတွင် ရုရှားလိုလားသော သမ္မတလောင်းတစ်ဦး အနိုင်ရပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။

တနင်္လာနေ့က ကိယက်ဗ်မှာ တွေ့ဆုံမှုကို အီးယူအတွက် ပထမဆုံး သမိုင်းဝင်အဖြစ် မစ္စတာဘော်ရဲလ်ကို ဂုဏ်ပြုခဲ့ပေမယ့် ကိယက်ဗ်ကို ထောက်ခံတဲ့ အနောက်နိုင်ငံတွေအတွက် အဆင်မပြေတဲ့အချိန် ရောက်လာပါတယ်။

နွေရာသီကုန်ဆုံးရန် နီးကပ်လာချိန်တွင် ကိယက်ဗ်၏ မဟာမိတ်များက ၎င်းတို့ထောက်ပံ့ထားသည့် တင့်ကားများ ရွှံ့နွံများထဲ မပိတ်မိမည့် အောင်ပွဲမြင်တွေ့ရန် မျှော်လင့်ထားသော်လည်း ယူကရိန်း၏ တန်ပြန်ထိုးစစ်မှာ အောင်ပွဲရရန် မမြင်နိုင်ရသေးပေ။

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလင်စကီးက ၎င်း၏ဝဘ်ဆိုဒ်မှာ “ယူကရိန်းနှင့် လွတ်လပ်သော ကမ္ဘာကြီးတစ်ခုလုံးသည် ဤထိပ်တိုက်ရင်ဆိုင်မှုကို အနိုင်ယူနိုင်စွမ်းရှိသည်မှာ သေချာပါသည်။သို့သော် ကျွန်ုပ်တို့၏ အောင်ပွဲသည် သင်နှင့် ကျွန်ုပ်တို့၏ ပူးပေါင်းဆောင်ရွက်မှုအပေါ် တိုက်ရိုက်မူတည်ပါသည်” ဟု ပြောကြားခဲ့ပါတယ်။

ဂျိုးဇက် ဘော်ရဲလ်က ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမြန်ထရိုကူလေဘာနှင့် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ယူကရိန်းအား ထောက်ခံမှုတွင် အားလုံးစည်းလုံးညီညွတ်စွာ ဆက်လက်ရှိနေကြောင်း ပြောခဲ့ပါတယ်။

သူက ၂၀၂၄ ခုနှစ်အတွက် ယူရို ၅ ဘီလီယံ (ပေါင် ၄.၃ ဘီလီယံ) တန် ကိယက်ဗ်အတွက် အီးယူအသုံးစရိတ်အစီအစဉ်ကို အဆိုပြုခဲ့ပြီး ထိုအချိန်က သဘောတူမည်ဟု မျှော်လင့်ခဲ့တယ် ဆိုပါတယ်။

ယူကရိန်းအတွက် အမေရိကန်၏ အသုံးစရိတ်ဥပဒေကြမ်းမှ ချန်လှပ်ထားစဉ်  အတ္တလန္တိတ်နှစ်ဘက်စလုံးမှ ပံ့ပိုးကူညီမှုအားနည်းခြင်းနှင့်ပတ်သက်၍ မစ္စတာကူလေဘာ၏ စိုးရိမ်စိတ်ကို ယခုကတိကဝတ် ဖယ်ရှားပေးခဲ့ပါတယ်။

“အမေရိကန်ရဲ့ ထောက်ခံမှု ပျက်ပြားသွားတယ်လို့ ကျွန်တော်တို့မခံစားရပါဘူး။ယူကရိန်းမှာ ထည့်ဝင်ထားတဲ့အရာက ယူကရိန်းတစ်ခုတည်းထက် အများကြီးပိုကြီးတယ်ဆိုတာ အမေရိကန်က နားလည်တာကြောင့်ပါ” လို့ ကူလေဘာက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

တစ်ချိန်တည်းတွင် အမေရိကန်ပြည်ထောင်စုမှ ကိယက်ဗ်လိုလားသော အရာရှိများက ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ရုရှားမှ ကျူးကျော်ဝင်ရောက်လာချိန်မှစ၍ အမေရိကန်က စီးပွားရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးအပ်ခဲ့သည့် လုံခြုံရေးအတွက် ဒေါ်လာ ၁၁၃ ဘီလီယံ (ပေါင် ၉၃ ဒသမ ၆ ဘီလီယံ) ထဲတွင် နောက်ထပ်အကူအညီများအတွက် ခွင့်ပြုချက်ရရှိရန် အကောင်းဆုံးနည်းလမ်းကိုရှာဖွေရန် ကြိုးပမ်းနေပါတယ်။

သမ္မတ ဂျိုးဘိုင်ဒင်၏ လုပ်ဖော်ကိုင်ဖက် ဒီမိုကရက်များက ကျဉ်းမြောင်းစွာ ထိန်းချုပ်ထားသော အထက်လွှတ်တော်ရှိ ခေါင်းဆောင်များက  လာမည့်သီတင်းပတ်များအတွင်း ဆက်လက်ပံ့ပိုးကူညီရန် ဥပဒေပြုမည်ဟု ကတိပြုခဲ့ပါတယ်။

သို့သော် ရီပတ်ဘလစ်ကန် ဦးဆောင်သော အောက်လွှတ်တော်တွင် ဥက္ကဋ္ဌ ကီဗင်မက္ကာသီက ဘိုင်ဒင်အစိုးရထံမှ အချက်အလက်များကို ပိုမိုလိုချင်ကြောင်း ပြောကြားခဲ့ပါတယ်။

Linko
Ref - Independent