【 နိုင်ငံတကာ 】 ယူကရိန်းကို ရုရှားကျူးကျော်ခြင်းက ဥရောပအတွက် ခြိမ်းခြောက်မှုဟု အီးယူအကြီးအကဲ ဆို

【 နိုင်ငံတကာ 】 ယူကရိန်းကို ရုရှားကျူးကျော်ခြင်းက ဥရောပအတွက် ခြိမ်းခြောက်မှုဟု အီးယူအကြီးအကဲ ဆို

ကိယက်ဗ်၊ အောက်တိုဘာ - ၂

ယူကရိန်းအတွက် ရေရှည်လုံခြုံရေး ကတိကဝတ်များကို ဥရောပသမဂ္ဂ (EU) က ပြင်ဆင်နေကြောင်း အီးယူ နိုင်ငံခြားရေးရာနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ်နှင့် ဥရောပကော်မရှင် ဒုတိယဥက္ကဋ္ဌ ဂျိုးဇက်ဘော်ရယ်လ်၏ ပြောကြားချက်အရ သိရပါတယ်။

ကိယက်ဗ်သို့ ၎င်း၏ခရီးစဉ်အတွင်း ဂျိုးဇက်ဘော်ရယ်လ်က ယူကရိန်းကို ရုရှားကျူးကျော်မှုသည် ဥရောပအတွက် “ပကတိတည်ရှိနေသော ခြိမ်းခြောက်မှု” ဖြစ်ကြောင်း မှတ်ချက်ချခဲ့ပါတယ်။

“ရုရှားနဲ့ ယူကရိန်းစစ်ပွဲက ကျွန်တော်တို့အားလုံးအတွက် တည်ရှိနေတဲ့ ခြိမ်းခြောက်မှုပါပဲ။ရူစတမ်အူမာရော့ဗ်နဲ့ ကျွန်တော်တို့ ပထမဆုံးလူချင်းတွေ့ဆုံမှုမှာ အီးယူက အဆက်မပြတ်စစ်ရေးထောက်ပံ့မှုကို ဆွေးနွေးခဲ့ကြပါတယ်။ယူကရိန်းအဖို့ ပိုမိုပြီး စွမ်းဆောင်ရည်လိုအပ်သလို ပိုမိုမြန်ဆန်စွာရဖို့ လိုအပ်တယ်။ယူကရိန်းအတွက် ရေရှည်လုံခြုံရေးကတိကဝတ်တွေကို ကျွန်တော်တို့ပြင်ဆင်နေပါတယ်” ဟု ဘော်ရယ်လ်က တွစ်တာဖြစ်တဲ့ X လူမှုကွန်ရက်မှာ ရေးခဲ့ပါတယ်။

စက်တင်ဘာ ၃၀ ရက်က ကိယက်ဗ်သို့ ဆိုင်းမဆင့်ဗုံမဆင့်ရောက်ရှိခဲ့လာခဲ့သော ဘော်ရယ်လ်သည် ယူကရိန်းသမ္မတ ဇီလင်စကီး၊ နိုင်ငံခြားရေးဝန်ကြီး ဒီမြန်ထရိုကူလီဘာ၊ ကာကွယ်ရေးဝန်ကြီး ရူစတမ်အူမာရော့ဗ်တို့နှင့် တွေ့ဆုံခဲ့ပါတယ်။

ယူကရိန်းသမ္မတနှင့်တွေ့ဆုံစဉ် ဘော်ရယ်လ်က ယူကရိန်းသို့ ကျူးကျော်ဝင်ရောက်လာသော ရုရှားတပ်များကိုခုခံရင်း သေဆုံးခဲ့သည့် ယူကရိန်းခုခံရေးသမားများအတွက် ဂုဏ်ပြုစကားပြောခဲ့ပါတယ်။

ဘော်ရယ်လ်ဟာ ကိယက်ဗ်သို့မရောက်မီ တောင်ပိုင်း အိုဒက်ဆာသို့ မကြေညာဘဲ အလည်အပတ်ရောက်ရှိခဲ့ပါတယ်။ဘော်ရယ်လ်ဟာ ရုရှားဒုံးကျည်ထိမှန်မှုကြောင့် ပျက်စီးခဲ့တဲ့ အိုဒက်ဆာစပက်ဆို-ပီရိုဘရန်ချက်စကီ ကတ်သိုဒယ်လ်သို့ သွားရောက်ခဲ့ပါတယ်။

ရုရှားက ယူကရိန်း၏ ကောက်ပဲသီးနှံတင်ပို့မှုကို ပိတ်ဆို့ရန်အတွက် ယူကရိန်းဆိပ်ကမ်းများ၊ ဂိုဒေါင်များနှင့် စပါးကုန်လှောင်ရုံများကို ဖျက်ဆီးရန် ရည်ရွယ်ကာ အိုဒက်ဆာနှင့် အိုဒက်ဆာဘလက်ခ်ရှိ အရပ်သားအဆောက်အဦများကို ပုံမှန်တိုက်ခိုက်လျက်ရှိနေပါတယ်။

Linko
Ref - Euromaidanpress