【 နိုင်ငံတကာ 】 ယူကရိန်းက ဒရုန်းများဖြင့် ကရပ်ခ်ဒေသကို တိုက်ခိုက်ခဲ့ကြောင်း ရုရှားထုတ်ပြန်

【 နိုင်ငံတကာ 】 ယူကရိန်းက ဒရုန်းများဖြင့် ကရပ်ခ်ဒေသကို တိုက်ခိုက်ခဲ့ကြောင်း ရုရှားထုတ်ပြန်

မော်စကို၊ စက်တင်ဘာ - ၄

ယူကရိန်းသည် ရုရှားနိုင်ငံ ကရပ်ခ် (Kursk) ဒေသကို တနင်္ဂနွေနေ့မှ တနင်္လာနေ့အထိ ညဘက် ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာ တနင်္လာနေ့ ညသန်းခေါင်ကျော်မှာ ဒရုန်းနှစ်စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ယူကရိန်းအနောက်ဘက်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ကရပ်ခ်ဒေသမှာ ဒရုန်းတိုက်ခိုက်မှုဟာ တနင်္လာနေ့ မနက် ၁ နာရီဝန်းကျင်မှာ စတင်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက တယ်လီဂရမ် မက်ဆေ့ချ်အက်ပ်မှာ ပြောကြားခဲ့ပါတယ်။

ကရူချက်တော့ဗ် (Kurchatov) မြို့ရှိ လူနေထိုင်ခြင်းမရှိသော အဆောက်အအုံတစ်ခုကို ပစ်ချခံရတဲ့ ဒရုန်းကျပြီး အပျက်အစီးများကြောင့် မီးလောင်ခဲ့ကြောင်း ကရပ်ခ်ဒေသ အုပ်ချုပ်ရေးမှူး ရိုမန်စတာရိုဗစ်က တနင်္ဂနွေနေ့ည အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ရုရှားနိုင်ငံ၏ အကြီးဆုံးနျူကလီးယားစက်ရုံတစ်ခုမှာ ကရူချက်တော့ဗ်မှ ၄ ကီလိုမီတာ (၂.၅ မိုင်) ခန့်အကွာတွင်ရှိသော်လည်း အဆိုပါစက်ရုံအား ထိခိုက်မှု (သို့မဟုတ်) ပစ်မှတ်ထားခံရသည့် သတင်းများထွက်ပေါ်ခြင်းမရှိပေ။

တနင်္ဂနွေညနေပိုင်းက ဒရုန်းတိုက်ခိုက်မှုအတွင်း မည်သည့်အဆောက်အအုံ ပျက်စီးသွားသည်ကို စတာရိုဗစ်က ပြောကြားခြင်းမရှိသော်လည်း လုံခြုံရေးအေဂျင်စီများကြားတွင် သတင်းရင်းမြစ်ကောင်းများရှိသည့် ရုရှားနိုင်ငံ၏ Baza သတင်းအေဂျင်စီက လုံခြုံရေးဝန်ဆောင်မှု အဆောက်အအုံ၏ ခေါင်မိုးပေါ်သို့ ဒရုန်းအပျက်အစီးများ ပြုတ်ကျခဲ့တယ်လို့ ပြောခဲ့ပါတယ်။

ပျက်စီးဆုံးရှုံးမှု အတိုင်းအတာ အပြည့်အစုံကိုမူ ချက်ချင်းထုတ်ပြန်ခြင်းမရှိပေ။ယင်းအစီရင်ခံစာကို ရိုက်တာသတင်းဌာနက သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

Linko
Ref - Reuters