【 နိုင်ငံတကာ 】 ယူကရိန်းပြန်လည်တည်ဆောက်ရေးညီလာခံကို လာမည့်နှစ်မှာ ဂျာမနီက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်

【 နိုင်ငံတကာ 】 ယူကရိန်းပြန်လည်တည်ဆောက်ရေးညီလာခံကို  လာမည့်နှစ်မှာ ဂျာမနီက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်

ဘာလင်၊ စက်တင်ဘာ - ၂၁

လာမည့်နှစ်တွင် ယူကရိန်းပြန်လည်တည်ဆောက်ရေးဆိုင်ရာ နိုင်ငံတကာကွန်ဖရင့်ကို ဂျာမနီနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်း အဓိပတိ အိုလက် ရှုလ်ဇ်က နယူးယောက်တွင် သမ္မတ ဗိုလိုဒိုမာ ဇီလင်စကီးနှင့် တွေ့ဆုံပြီးနောက် ပြောကြားခဲ့ပါတယ်။

ဆွေးနွေးပွဲကို ဘာလင်၌ ၂၀၂၄ ခုနှစ် ဇွန် ၁၁ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း အဓိပတိ၏ကြေညာချက်တွင် ထည့်သွင်းပြောကြားခဲ့ပါတယ်။

လန်ဒန်မှာ ကျင်းပတဲ့ နောက်ဆုံး အဲဒီလိုညီလာခံမှာ ရုရှားကျူးကျော်မှုအပြီး နိုင်ငံပြန်လည်တည်ဆောက်ရေးအတွက် ရန်ပုံငွေထုတ်ပေးရန်အတွက် နိုင်ငံပေါင်း ၆၀ ကျော်မှ ခေါင်းဆောင်များနှင့် ဘဏ္ဍာရေးအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များကို  ဇွန်လမှာတွေ့ဖို့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။

ညီလာခံ၏ ရည်ရွယ်ချက်မှာ ယူကရိန်းစီးပွားရေးကို အရှိန်အဟုန်မြှင့်တင်ရန်နှင့် ရေရှည်တွင် အခြေခံအဆောက်အအုံများ ပြန်လည်တည်ဆောက်ရန်ဖြစ်ပါတယ်။

ရှုလ်ဇ်သည် ယူကရိန်းသမ္မတနှင့် ဗုဒ္ဓဟူးနေ့က နယူးယောက်မြို့ရှိ ကုလသမဂ္ဂ အထွေထွေညီလာခံ ဘေးဆွယ်အဖြစ် မိနစ် ၃၀ ကြာ တွေ့ဆုံခဲ့ပါတယ်။

ဆွေးနွေးမှုရဲ့ ဗဟိုချက်ဟာ ယူကရိန်းမှာ နိုင်ငံရေး၊ စစ်ရေးနဲ့ လူသားချင်းစာနာထောက်ထားမှု အခြေအနေတွေဖြစ်တယ်လို့ အဓိပတိရုံးက ဆိုပါတယ်။

ရှုလ်ဇ်က ဂျာမနီသည် ကိယက်ဗ်ကို ဆက်လက်ပံ့ပိုးပေးမည်ဟု ထပ်မံကတိပြုခဲ့ပါတယ်။  

တယ်လီဂရမ် ပို့စ်တစ်ခုတွင် ဇီလင်စကီးက သူနှင့် ရှုလ်ဇ်တို့ “ရှေ့တန်းရှိအခြေအနေနှင့် ယူကရိန်းကာကွယ်ရေးတပ်ဖွဲ့များ၏ ဦးစားပေးလိုအပ်ချက်များကို ဆွေးနွေးခဲ့ကြောင်း” ရေးခဲ့ပါတယ်။

၎င်းက “ဂျာမနီမှာကျင်းပမယ့် ယူကရိန်းပြန်လည်ထူထောင်ရေးဆိုင်ရာ နိုင်ငံတကာညီလာခံအတွက် ပြင်ဆင်မှုမှာ အထူးအာရုံစိုက်ထားပါတယ်” ဟု ဖြည့်စွက်ပြောခဲ့ပါတယ်။

Linko
Ref - English-alarabiya