【 နိုင်ငံတကာ 】 ယူကရိန်းမှ ဆုတ်ခွာသော စစ်သားများကို ရုရှားက သတ်ဖြတ်နေကြောင်း အိမ်ဖြူတော်ပြော

【 နိုင်ငံတကာ 】 ယူကရိန်းမှ ဆုတ်ခွာသော စစ်သားများကို ရုရှားက သတ်ဖြတ်နေကြောင်း အိမ်ဖြူတော်ပြော

ဝါရှင်တန်၊ အောက်တိုဘာ - ၂၈ 
 
ရိုင်းစိုင်းသော ရုရှားတပ်မှူးများသည် အမိန့်မနာခံသည့် ၎င်းတို့စစ်သားများကို သတ်ဖြတ်ပြီး ယူကရိန်းစစ်မှ ဆုတ်ခွာပါက သတ်ပစ်မည်ဟု တပ်ဖွဲ့များကို ခြိမ်းခြောက်နေကြောင်း ဘိုင်ဒင်အစိုးရ ပြောကြားလိုက်ပါတယ်။ 
 
အမိန့်မနာခံသည့် တပ်ဖွဲ့ဝင်များကို သတ်ဖြတ်နေသည့် ထောက်လှမ်းရေးသတင်းများရရှိကြောင်း အိမ်ဖြူတော် အမျိုးသား လုံခြုံရေးကောင်စီ ပြောခွင့်ရသူ ဂျွန်ကာဘီက ကြာသပတေးနေ့တွင် သတင်းထောက်များကို ပြောခဲ့တာဖြစ်ပါတယ်။ 
 
“ယူကရိန်းတပ်တွေက အမြောက်တွေနဲ့ပစ်လို့ ဆုတ်ခွာရင် တပ်ဖွဲ့တစ်ခုလုံးကို သတ်ပစ်မယ်လို့ ရုရှားတပ်မှူးတွေက ခြိမ်းခြောက်တယ်ဆိုတဲ့ သတင်းတွေလည်း ကျနော်တို့ရနေတယ်” ဟု ကာဘီက ဆက်လက်ပြောကြားခဲ့ပါတယ်။ 
 
အမေရိကန်၏ ပြောဆိုချက်နှင့်ပတ်သက်ပြီး ကရင်မလင်နှင့် ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက တစ်စုံတရာ ဝေဖန်ပြောကြားခြင်း မပြုပေ။
 
ရုရှားတပ်များသည် အကြီးအကျယ်ထိခိုက်သေဆုံးမှုများကို လျစ်လျူရှုကာ လက်ရှိအချိန်အထိ မအောင်မြင်သေးသည့် အက်ဒစ်ကာ မြို့ကို သိမ်းပိုက်ရန် ဆက်လက်လုပ်ဆောင်နေကြောင်း ယူကရိန်းအရာရှိများ ပြောပါတယ်။ 
 
ရုရှားစစ်တပ်သည် ညံ့ဖျင်းစွာလေ့ကျင့် လက်နက်တပ်ဆင်ထားသည့် စစ်သားများဖြင့် လူလှိုင်းကြီးများသုံးသည့် နည်းဗျူဟာကို ကျင့်သုံးနေကြောင်း၊ တိုက်ခိုက်ရန် ငြင်းဆန်သူများကို သတ်ပစ်နေကြောင်း ကာဘီက ပြောပါတယ်။ 
 
“အမိန့်မနာခံလို့ ကိုယ့်စစ်သားကိုယ် ပြန်သတ်တာ ယုတ်မာတာပဲ” ဟု ကာဘီက အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲတွင် ပြောပါတယ်။ 
 
တပ်ဖွဲ့လိုက် သတ်ဖြတ်မည်ဟု ခြိမ်းခြောက်ခြင်းသည် မိုက်ရိုင်းခြင်းဖြစ်ကြောင်း သူကပြောပါတယ်။ 
 
Linko
Ref - NewYorkpost