【 နိုင်ငံတကာ 】 ယူကရိန်းသို့ အမေရိကန်က တာဝေးပစ် ATACMS ဒုံးကျည်များ ပို့နိုင်ဖွယ်ရှိ

【 နိုင်ငံတကာ 】 ယူကရိန်းသို့ အမေရိကန်က တာဝေးပစ် ATACMS ဒုံးကျည်များ ပို့နိုင်ဖွယ်ရှိ

နယူးယောက်၊ စက်တင်ဘာ - ၉

‘သူတို့လာနေပြီ’ ဟု လုံခြုံရေးအကူအညီပေးရေးအစီအစဉ်များကို လက်လှမ်းမီသူ အရာရှိတစ်ဦးကို ကိုးကား၍ ABC သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

တရားဝင် မကြေညာမချင်း ထိုကဲ့သို့အစီအစဉ်များ အပြောင်းအလဲရှိနိုင်သည်ဟု တာဝန်ရှိသူက မှတ်ချက်ပြုခဲ့ပါတယ်။

ဒုံးကျည်များသည် စားပွဲပေါ်တွင်ရှိနေပြီး လာမည့် လုံခြုံရေးအကူအညီ ပက်ကေ့ချ်တွင် ထည့်သွင်းဖွယ်ရှိကြောင်း ဒုတိယအရာရှိတစ်ဦးက ပြောကြားခဲ့ကာ အပြီးသတ်ဆုံးဖြတ်ချက် မချရသေးကြောင်း ထပ်လောင်းပြောကြားခဲ့ပါတယ်။

ယူကရိန်းက ဒုံးကျည်တွေ လက်ခံရရှိဖို့ လပိုင်းအလိုမှာ ဖြစ်နိုင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဗားရှင်းပေါ်မူတည်၍ အကွာအဝေး မိုင် ၁၉၀ အထိ ပစ်လွှတ်နိုင်သော ATACMS ကို ဖြန့်ကြက်ထားခြင်းဖြင့် ယူကရိန်းသည် လက်ရှိထောက်ပံ့ပေးထားသော ၎င်း၏ အမေရိကန်လုပ် High Mobility Artillery Rocket Systems (HMARS) နှင့် M270 မျိုးစုံ ပစ်လွှတ်နိုင်သော ဒုံးပျံစနစ်များထက် လေးဆနီးပါးဝေးကွာသော ပစ်မှတ်များသို့ရောက်နိုင်သော ဒုံးကျည်များ ယူကရိန်းထံ ရောက်ရှိနိုင်စေမှာဖြစ်ပါတယ်။

ATACMS ပေးပို့ခြင်းဖြင့် ရုရှားနှင့် တိုက်ရိုက်ပဋိပက္ခဖြစ်စေနိုင်ခြင်းကိုဆိုလိုကာ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်က ၂၀၂၂ ခုနှစ် ဇူလိုင်လတွင်အမေရိကန်သည် “စွန့်စားရန် အသင့်ဖြစ်နေပြီ” လို့ ပြောခဲ့ပါတယ်။

Linko
Ref - en-mehrnews