【 နိုင်ငံတကာ 】 ယူကရိန်း အကျပ်အတည်းဆိုင်ရာ ဘက်အသီးသီးတို့အား အပစ်အခတ်ရပ်စဲရေးအတွက် သံတမန်ရေး ကြိုးပမ်းမှုများကို အားဖြည့်ရန် တရုတ် ပန်ကြား

【 နိုင်ငံတကာ 】 ယူကရိန်း အကျပ်အတည်းဆိုင်ရာ ဘက်အသီးသီးတို့အား အပစ်အခတ်ရပ်စဲရေးအတွက် သံတမန်ရေး ကြိုးပမ်းမှုများကို အားဖြည့်ရန် တရုတ် ပန်ကြား

ပေကျင်း၊ ဧပြီ - ၁၃
 
ဒေသစံတော်ချိန် ယခုလ ၁၂ ရက်နေ့တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် ရုရှား၏ တောင်းဆိုချက်အရ ယူကရိန်းအခြေအနေနှင့်ပတ်သက်၍ နှစ်ရက်ဆက်တိုက် တံခါးဖွင့် အစည်းအဝေးကို ကျင်းပခဲ့တယ်လို့ China Media Group သတင်းအရ သိရပါတယ်။
 
အစည်းအဝေးတွင် ကုလသမဂ္ဂ ဆိုင်ရာ တရုတ် အမြဲတမ်း ဒုကိုယ်စားလှယ် ကင်ရွှမ်က သက်ဆိုင်ရာ ဘက်အသီးသီးတို့အား တာဝန်သိမှု သဘောထားဖြင့် အပစ်အခတ်ရပ်စဲရေးအတွက် သံတမန်ရေးကြိုးပမ်းမှုများကို အားဖြည့်ပြီး အကျပ်အတည်းကို နိုင်ငံရေးနည်းလမ်းဖြင့် အမြန်ဆုံးဖြေရှင်းနိုင်အောင် တွန်းအားပေးကာ ငြိမ်းချမ်းရေး အမြန်ဆုံးရရှိနိုင်အောင် ကြိုးပမ်းဆောင်ရွက်ရန် ပန်ကြားကြောင်း ပြောကြားခဲ့ပါတယ်။