【 နိုင်ငံတကာ 】 ရန်သူကို သတိပေးသည့်အနေဖြင့် မြောက်ကိုရီးယားက နည်းဗျူဟာမြောက် နျူကလီးယားစစ်ရေးလေ့ကျင့်မှု ပြုလုပ်

【 နိုင်ငံတကာ 】 ရန်သူကို သတိပေးသည့်အနေဖြင့် မြောက်ကိုရီးယားက နည်းဗျူဟာမြောက် နျူကလီးယားစစ်ရေးလေ့ကျင့်မှု ပြုလုပ်

ပြုံးယမ်း၊ စက်တင်ဘာ - ၃ 
 
အဏုမြူထိပ်ဖူးများ တပ်ဆင်ထားသော တာဝေးပစ် ဒုံးကျည်နှစ်စင်းဖြင့် ပုံစံတူ “နည်းဗျူဟာမြောက် နျူကလီးယားတိုက်ခိုက်မှု” စစ်ရေးလေ့ကျင့်မှုကိုပြုလုပ်ခဲ့ကြောင်း မြောက်ကိုရီးယားက ကြေညာခဲ့ပါတယ်။ 
 
နျူကလီးယားစစ်ပွဲတွင် နိုင်ငံအနေဖြင့် အသင့်ပြင်ထားရမည့် ရန်သူများကို သတိပေးရန်အတွက် စနေနေ့ အစောပိုင်းတွင် စစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့ကြောင်းနှင့် တောင်ကိုရီးယားနှင့် အမေရိကန်တို့အပေါ် စစ်ရေးအရ အဟန့်အတား တိုးမြှင့်ရန် ထပ်မံကတိပြုခဲ့ကြောင်း KCNA သတင်းဌာနက တနင်္ဂနွေနေ့က ဖော်ပြခဲ့ပါတယ်။
 
နျူကလီးယားထိပ်ဖူးများ သယ်ဆောင်သည့် ခရုဇ်ဒုံးကျည်နှစ်စင်းကို ကျွန်းဆွယ်အနောက်ပင်လယ်ဘက်သို့ ပစ်ခတ်ခဲ့ပြီး အမြင့်ပေ ၁၅၀ မီတာတွင် ၁၅၀၀ ကီလိုမီတာ (၉၃၀ မိုင်) ပျံသန်းခဲ့ကြောင်း ဆိုပါတယ်။ 
 
ယခုပစ်လွှတ်မှုသည် မကြာသေးမီရက်သတ္တပတ်များအတွင်း ပြုံယမ်းက ပြုလုပ်ခဲ့သည့် ဒုံးကျည်စမ်းသပ်မှုများနှင့် စစ်ရေးလေ့ကျင့်မှုတို့တွင် နောက်ဆုံးပစ်လွှတ်မှုဖြစ်ပြီး ပြီးခဲ့သည့်လနှောင်းပိုင်းက သူလျှိုဂြိုဟ်တုလွှတ်တင်မှုမှာလည်း  မအောင်မြင်ခဲ့ပေ။
 
Ulchi Freedom Shield ဟုခေါ်သော  တောင်ကိုးရီးယားနှင့် အမေရိကန်တို့ နှစ်စဉ် နွေရာသီ စစ်ရေးလေ့ကျင့်မှုသည့် B-1B ဗုံးကြဲလေယာဉ်များဖြင့် လေကြောင်းလေ့ကျင့်မှု ၁၁ ရက်ကြာ ပြုလုပ်ပြီးနောက် ကြာသပတေးနေ့တွင် ပြီးဆုံးသွားခဲ့ပါတယ်။ 
 
တစ်ချိန်တည်းတွင်ပင် တောင်ကိုရီးယား Yonhap သတင်းဌာနက ပြုံယမ်း၏ နျူကလီးယားတိုက်ခိုက်မှု မစ်ရှင်တစ်ခု တနင်္ဂနွေနေ့တွင် အောင်မြင်စွာလုပ်ဆောင်ခဲ့ခြင်း ပြောကြားချက်ကို ကိုးကားပြီး  ဖော်ပြခဲ့ပါတယ်။
 
“ဒီမနက် မြောက်ကိုရီးယားရဲ့ ကြေညာချက်ဟာ ချဲ့ကားတာဖြစ်တယ်လို့ ခွဲခြမ်းစိတ်ဖြာချက်က ဖော်ပြပါတယ်။သူတို့အားလုံး မအောင်မြင်ခဲ့ဘူး” ဟု တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များမှ အကြီးတန်းအရာရှိက Yonhap သို့ အမည်မဖော်ဘဲ ပြောကြားခဲ့ပါတယ်။ 
 
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် Pukjung Machine Complex သို့ သွားရောက်ခဲ့ကြောင်း KCNA က တနင်္ဂနွေနေ့တွင် သီးခြားဖော်ပြခဲ့ပြီး ၎င်းစက်ရုံမှာ ရေတပ်အင်ဂျင်များထုတ်လုပ်ပေးသည့် စက်ရုံဖြစ်ကာ ပြုံးယမ်း၏ ရေတပ်တပ်ဖွဲ့များ အားကောင်းရေး အရေးကြီးကြောင်း အလေးပေးဖော်ပြရန် အဓိက ခဲယမ်းစက်ရုံတစ်ခုလည်းဖြစ်ပါတယ်။ 
 
Linko
Ref - Aljazeera