【 နိုင်ငံတကာ 】 ရုရှားကို တရုတ်က ထောက်ခံခဲ့မှုကို အလေးထားသည့်အနေဖြင့် ပူတင် ပေကျင်းသို့ လာရောက်ဖွယ်ရှိ

【 နိုင်ငံတကာ 】 ရုရှားကို တရုတ်က ထောက်ခံခဲ့မှုကို အလေးထားသည့်အနေဖြင့် ပူတင် ပေကျင်းသို့ လာရောက်ဖွယ်ရှိ

မော်စကို၊ အောက်တိုဘာ - ၁၆

ယူကရိန်းစစ်ပွဲအတွင်း မော်စကိုအား တရုတ်နိုင်ငံက စီးပွားရေးနှင့် သံတမန်ရေးအရ ပံ့ပိုးကူညီမှုကို အလေးထားကြောင်း ဖော်ပြသည့် ခရီးစဉ်အဖြစ် ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် ယခုသီတင်းပတ်အတွင်း ပေကျင်းတွင် တရုတ်ခေါင်းဆောင်များနှင့် တွေ့ဆုံရန် မျှော်လင့်ရကြောင်း  သတင်းများကဆိုပါတယ်။

နှစ်နိုင်ငံမှာ ယခုအခါ အစ္စရေး-ဟားမတ်စ် စစ်ပွဲကြောင့် ရှုပ်ထွေးနေသည့် အခြေအနေတွင် အမေရိကန်နှင့် အခြားဒီမိုကရေစီနိုင်ငံများနှင့် ဆန့်ကျင်ရန် အလွတ်သဘော မဟာမိတ်ဖွဲ့ထားပါတယ်။

တရုတ်နိုင်ငံသည် အစ္စရေးနှင့် ၎င်းကြား ဆက်ဆံရေးကို ရုရှား၏ ကျောထောက်နောက်ခံ အခိုင်အမာရရှိထားသော အီရန်၊ ဆီးရီးယားနှင့် ၎င်း၏ဆက်ဆံရေးနှင့် ဟန်ချက်ညီစေရန် ကြိုးပမ်းခဲ့ပါတယ်။

ပူတင်၏ ခရီးစဉ်သည် အခြေခံအဆောက်အဦများ တည်ဆောက်ရန်နှင့် လမ်းကြောင်းများတိုးချဲ့ခြင်းအစီအစဉ်ဖြစ်သည့် တရုတ်ခေါင်းဆော ရှီ၏ အမှတ်လက္ခဏာ BRI ကို ထောက်ခံကြောင်း ပြသခြင်းလည်းဖြစ်ပါတယ်။

ပူတင်၏ ခရီးစဉ်ကို အတည်မပြုရသေးသော်လည်း တနင်္လာနေ့နှောင်းပိုင်းတွင် ရောက်ရှိလာမည်ဟု တရုတ်အရာရှိများက မှတ်ချက်ပြုထားပါတယ်။

တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်မှုနှင့်ပတ်သက်၍ သောကြာနေ့က  သတင်းထောက်များ မေးမြန်းရာတွင် Belt and Road ဆိုင်ရာ ပရောဂျက်များနှင့်ပတ်သက်သည့် ဆွေးနွေးပွဲများနှင့် အကျုံးဝင်ကြောင်းပြောခဲ့ပြီး မော်စကိုသည် အာရှအလယ်ပိုင်းတွင် အများစုတည်ရှိသော ဆိုဗီယက်ယူနီယံနိုင်ငံဟောင်းများ၏ စီးပွားရေးမဟာမိတ်အဖွဲ့၏ အားထုတ်မှုများနှင့် ချိတ်ဆက်လိုကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။

မော်စကိုနှင့် ပေကျင်းကြား စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ဆက်ဆံမှု တိုးမြှင့်ရေးကိုလည်း ဆွေးနွေးမည်ဖြစ်ကြောင်းလည်း  ပူတင်က မှတ်ချက်ပြုခဲ့ပါတယ်။

Linko
Ref - Thenewdaily