【 နိုင်ငံတကာ 】 ရုရှားခုခံမှုသည် အနောက်နိုင်ငံများ မျှော်လင့်ထားသည်ထက် ပိုမိုခိုင်မာကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဝန်ခံ

【 နိုင်ငံတကာ 】 ရုရှားခုခံမှုသည် အနောက်နိုင်ငံများ မျှော်လင့်ထားသည်ထက် ပိုမိုခိုင်မာကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဝန်ခံ

လန်ဒန်၊ စက်တင်ဘာ - ၃၀

ရုရှား၏ ခုခံမှုသည် အနောက်နိုင်ငံများက မျှော်လင့်ထားသည်ထက် ပိုမိုတောင့်တင်း ကြံ့ခိုင်သောကြောင့် ကာလတိုအတွင်း ယူကရိန်းက မည်မျှအောင်မြင်အောင် လုပ်ဆောင်နိုင်သည်နှင့်ပတ်သက်သည့် မျှော်မှန်းချက်များကို ပြန်လည်ချိန်ညှိရန်လိုမည်ဖြစ်ကြောင်း ဗြိတိန်သတင်းစာ Times က စက်တင်ဘာလ ၂၂ ရက်နေ့တွင်  ဗြိတိန်ကာကွယ်ရေးအကြီးအကဲ ဆာတိုနီ ရာဒါကင်ကို ကိုးကားဖော်ပြခဲ့ပါတယ်။

ထိုစစ်ပွဲသည် အချိန်ကာလနှင့် အောင်မြင်မှုများကို ချိန်ညှိရမည့်  ပြင်းထန်သော စစ်ပွဲဖြစ်ကြောင်း ရာဒါကင် ပြောပါတယ်။

“ယူကရိန်းမှာ တွေ့နေရတာက ယူကရိန်းက ရုရှားခံစစ်ကို ချိန်ညှိနေရပေမယ့် တစ်ချိန်တည်းမှာပဲ ဦးဆောင်မှုရယူပြီး တိုးတက်မှုတွေလုပ်နေတယ်” ဟု ရာဒါကင် ပြောကြားပြီး ယူကရိန်း၏အောင်ပွဲသည် ရုရှားထက် ယူကရိန်း၏ ခံနိုင်ရည်ကို ပြသရန်ဖြစ်ကြောင်း ပြောခဲ့ပါတယ်။

“တိုက်ပွဲတွေကို စစ်တပ်ကနိုင်ပေမယ့် စစ်ပွဲတွေကို စီးပွားရေးနဲ့ ရေရှည်တည်တံ့မှုက အနိုင်ရတာဖြစ်တယ်” ဟု သူကပြောပါတယ်။

ရာဒါကင်ကို ဗြိတိန်က အသင့်ခန့်အပ်ထားသည့် ကာကွယ်ရေးဝန်ကြီး ဂရန့်ရှက်ပ်လည်း လိုက်ပါလာပါတယ်။သူသည် စက်တင်ဘာလအစောပိုင်းတွင် ဘန်ဝဲလေ့စ်ကို အစားထိုးဝင်ရောက်ပြီးနောက် ယူကရိန်းသို့ ပထဆုံးလာရောက်ခြင်းဖြစ်ပါတယ်။ထိုခရီးစဉ်သည် ရှက်ပ်စ်အနေဖြင့် ယူကရိန်းသမ္မတ ဇီလင်စကီးနှင့်သာမက ယူကရိန်းကာကွယ်ရေးဝန်ကြီး ရပ်စတန် ယူမာရော့နှင့်ပါ  တွေ့ဆုံရန် အခွင့်အလမ်းတစ်ခုဖြစ်ပါတယ်။ရှက်ပ်သည်ယခင်က ယူကရိန်းသို့ စွမ်းအင်ဝန်ကြီးအဖြစ်သာ သွားရောက်ခဲ့ဖူးပါတယ်။

သြဂုတ်လအစောပိုင်းတွင် ရာဒါကင်နှင့် ယူကရိန်းလက်နက်ကိုင်တပ်များ စစ်ဦးစီးချုပ် ဗယ်လာရီ ဇာလူဇညီတ တို့အကြား နွေးထွေးသော ဆက်ဆံရေးကို ဗြိတိန်သတင်းစာ ဂါးဒီးယန်းက ဖော်ပြခဲ့ပါတယ်။

ယခုအခါ ဗြိတိန်ရေတပ်ဗိုလ်ချုပ်က ၎င်းတို့တွေ့ဆုံတိုင်း Glenmorangie စကော့ဝီစကီကို ဇာလူဇညီကို လက်ဆောင်ပေးသည်မှာ အစဉ်အလာဖြစ်လာသည်ဟု ထိုသတင်းစာက ဖော်ပြခဲ့ပါတယ်။

Linko
Ref - The New Voice of Ukraine