【 နိုင်ငံတကာ 】 ရုရှားနိုင်ငံခြားရေး ဝန်ကြီး လာဗရော့ဗ်သည် တရုတ်နိုင်ငံသို့ ခရီးလှည့်လည်မည်

【 နိုင်ငံတကာ 】 ရုရှားနိုင်ငံခြားရေး ဝန်ကြီး လာဗရော့ဗ်သည် တရုတ်နိုင်ငံသို့ ခရီးလှည့်လည်မည်

ပေကျင်း၊ ဧပြီ - ၇

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗရော့ဗ်သည် တရုတ်နိုင်ငံသို့ ခရီးလှည့်လည်မည်ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ China Media Group သတင်းအရ သိရပါတယ်။

တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ၊ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံခြားရေးဝန်ကြီးသည် တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ခြင်းဖြစ်ကြောင်း မော်နင်က ဆိုပါတယ်။

ရုရှားပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး လာဗရော့ဗ်သည် ဧပြီလ ၈ ရက်နေ့မှ ၉ ရက်နေ့အထိ တရုတ်နိုင်ငံသို့ တရားဝင် ခရီးလှည့်လည်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ကြေညာခဲ့ပါတယ်။