【 နိုင်ငံတကာ 】 ရုရှားနှင့် ဆက်ဆံရေးက ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန်အတွက် အင်အားကြီးသော ခံတပ်ဟု မြောက်ကိုရီးယားဆို

【 နိုင်ငံတကာ 】 ရုရှားနှင့် ဆက်ဆံရေးက ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန်အတွက် အင်အားကြီးသော ခံတပ်ဟု မြောက်ကိုရီးယားဆို

ဆိုးလ်၊ အောက်တိုဘာ - ၁ 
 
မြောက်ကိုရီးယားနှင့် ရုရှားအကြား ဆက်ဆံရေးသည် ငြိမ်းချမ်းရေးကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် နယ်ချဲ့သမားများ၏ စစ်ရေးခြိမ်းခြောက်မှုများကို ဟန့်တားရန်အတွက် “အင်အားကြီးသောခံတပ်” အဖြစ် ဆောင်ရွက်ပေးကြောင်း မြောက်ကိုရီးယား အရာရှိတစ်ဦးက တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။  
 
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နှင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ စက်တင်ဘာ ၁၃ ရက်က ရုရှားနိုင်ငံအရှေ့ဖျားတွင် ရှားရှားပါးပါး ထိပ်သီးဆွေးနွေးပွဲကျင်းပပြီးနောက် သီတင်းပတ်များအကြာ ဒုနိုင်ငံခြားရေးဝန်ကြီးအင်ချိုလ်အီလ် ပြောကြားသည့် အဆိုပါသတင်းထုတ်ပြန်ချက်ကို ကိုရီးယားဗဟိုသတင်း အေဂျင်စီမှ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။
 
မြောက်ကိုရီးယား-ရုရှားတို့၏ အစဉ်အလာအရ ချစ်ကြည်ရင်းနှီးပြီး ပူးပေါင်းဆောင်ရွက်သော ဆက်ဆံရေးနှင့် ၎င်းတို့အပေါ် ဝင်ရောက်စွက်ဖက်ရန် အမေရိကန်၏ မမျှတသော ဒေါသကြီးသော ရန်လိုမှုသည် အနီရောင်မျဉ်းကို ကျော်လွန်သွားပြီဟု အင်က ပြောကြားခဲ့ပါတယ်။
 
“မကြာသေးမီက အမေရိကန်သည် နှစ်နိုင်ငံကြား ကောင်းမွန်သော အိမ်နီးချင်းဆက်ဆံရေး ဖွံ့ဖြိုး တိုးတက်ရေးကို ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်များကို ချိုးဖောက်ခြင်းနှင့် ‘နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်း’ ဟူ၍ အခြေအမြစ်မရှိဘဲ မြောက်ကိုရီးယား-ရုရှား ပူးပေါင်းဆောင်ရွက်မှုကို ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေမှုအဖြစ် ကမ္ဘာက လူသိရှင်ကြား ထင်မြင်လာစေရန် ကြိုးပမ်းခဲ့တယ်” ဟု ၎င်းက ဆက်ပြောခဲ့ပါတယ်။ 
 
“ဒါဟာ စစ်အေးခေတ်ပုံစံ ထိပ်တိုက်ရင်ဆိုင်မှု ယုတ္တိကို အခြေခံတဲ့ အမေရိကန်ရဲ့ တွေးခေါ်မှုကို ကွက်ကွက်ကွင်းကွင်း ဖော်ပြတာပါပဲ” ဟုလည်း သူကဆိုပါတယ်။
 
အမေရိကန်နှင့် အနောက်အုပ်စုတို့၏ ထိပ်တိုက်ရင်ဆိုင်မှုများက  မြောက်ကိုရီးယား-ရုရှား ဆက်ဆံရေးကို ဖွံ့ဖြိုးတိုးတက်မှုအဆင့်သို့ တွန်းပို့ခဲ့ပြီး နိုင်ငံတကာစက်မှုဖွဲ့စည်းပုံ ဟန်ချက်ညီစေရန်နှင့် ကမ္ဘာ့မဟာဗျူဟာ လုံခြုံရေးပတ်ဝန်းကျင်ကို ပိုမိုတိုးတက်ကောင်းမွန်စေခဲ့တယ်လို့ ဒုဝန်ကြီးက ဆက်လက်ပြောကြားခဲ့ပါတယ်။
 
နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်များ၏ မဟာဗျူဟာဆုံးဖြတ်ချက်အရ မြောက်ကိုရီးယား-ရုရှား ဆက်ဆံရေးသည် မြင့်မားသော အဆင့်သစ်တစ်ခုသို့ ဖွံ့ဖြိုးတိုးတက်နေပြီ ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့ပါတယ်။ 
 
Linko
Ref - Yonhap