【 နိုင်ငံတကာ 】 ရုရှားဘက်က ခရုဇ်ဒုံးကျည်နဲ့ ပစ်ခတ်မှုကို ဟန့်တားနိုင်ခဲ့ဟု ယူကရိန်းဆို

【 နိုင်ငံတကာ 】 ရုရှားဘက်က ခရုဇ်ဒုံးကျည်နဲ့ ပစ်ခတ်မှုကို ဟန့်တားနိုင်ခဲ့ဟု ယူကရိန်းဆို

ကိယက်ဗ်၊ ဩဂုတ် - ၂၇ 
 
ရုရှား မဟာဗျူဟာ ဗုံးကြဲလေယာဉ်များမှ ပစ်လွှတ်သည့် ကိယက်ဗ်မြို့သို့ ဦးတည်သွားသော ခရုဇ်ဒုံးကျည်လေးစင်းကို ညဘက်တွင် ပစ်ချနိုင်ခဲ့ကြောင်း ယူကရိန်းလေတပ်က ပြောပါတယ်။
 
ပြင်းထန်သော ထိခိုက်ဒဏ်ရာရမှု (သို့မဟုတ်) ကြီးမားသော ထိခိုက်မှုမရှိဘဲ ဒုံးကျည်များကို  ကျရောက်စေခဲ့ကြောင်း၊ ယူကရိန်းမြို့တော်ရှိ စစ်ဘက်ဆိုင်ရာ အာဏာပိုင်များ၏ ပြောကြားချက်အရ သိရပါတယ်။ 
 
ဒရုန်းဖြင့် ရုရှားနိုင်ငံ ကရက်ခ်မြို့ရှိ လူနေအိမ်ရာကို ညဘက်တိုက်ခိုက်ခဲ့ရသဖြင့် ပျက်စီးမှုအချို့ ဖြစ်ခဲ့ကြောင်း မော်စကိုရှိ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
 
ကရက်ခ်၏ အနောက်မြောက်ဘက် ကီလိုမီတာ ၂၀၀ ခန့်အကွာ ရုရှားနိုင်ငံ ဘရန်ယန်ဆက်ခ်မြို့ပေါ်တွင် ဒုတိယမြောက် ဒရုန်းတစ်စီးကို ပစ်ချကြောင်း ဆိုပါတယ်။ 
 
သောကြာနေ့တွင် လေ့ကျင့်ရေးလေ့ကျင့်မှုတစ်ခုအတွင်း “Juice” ဟု သိကြသည့် တိုက်လေယာဉ်မှူး အန်ဒရီပီလင်ရှ်ကောဗ်အပါအဝင် ယူကရိန်း တိုက်လေယာဉ်မှူးသုံးဦး သေဆုံးခဲ့ကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ 
 
သမ္မတ ဗိုလိုဒိုမာ ဇီလင်စကီးက ပီလင်ရှ်ကောဗ်မှာ “ကျွန်ုပ်တို့ တိုင်းပြည်အတွက် အများကြီးကူညီပေးနိုင်ခဲ့သူ” ဟု ပြောကြားခဲ့ပါတယ်။ 
 
ယူကရိန်းလေယာဉ်မှူးများကို အဆင့်မြင့် F-16 ဂျက်တိုက်လေယာဉ်များပေါ်တွင် လေ့ကျင့်မှုစတင်ရန် ပြင်ဆင်နေချိန်တွင် ဖြစ်ပွားခဲ့သည့် ယင်းလေယာဉ်ပျက်ကျမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိပါတယ်။ 
 
စုံစမ်းစစ်ဆေးမှုမှာ မည်မျှကြာမည်ကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း ယူကရိန်းလေတပ်မှ ပြောရေးဆိုခွင့်ရှိသူ ယူရီအင်ဂ်နက်က ယူကရိန်း ရုပ်မြင်သံကြားတွင် တနင်္ဂနွေနေ့က ပြောကြားခဲ့ပါတယ်။ 
 
ပြီးခဲ့သည့် သီတင်းပတ်အတွင်းက  နော်ဝေ၊ ဒိန်းမတ်နှင့် နယ်သာလန်တို့က ယူကရိန်းသို့ F-16 တိုက်လေယာဉ်များ လှူဒါန်းမည်ဟု ကတိပြုခဲ့ကြပါတယ်။
 
ကြာသပတေးနေ့က အမေရိကန်သည် အောက်တိုဘာလတွင် ယူကရိန်းလေယာဉ်မှူးများကို F-16 တိုက်လေယာဉ်များပေါ်တွင် လေ့ကျင့်သင်ကြား ပေးမည်ဖြစ်ကြောင်း ပင်တဂွန်မှ ပြောကြားခဲ့ပါတယ်။
 
Linko
Ref - National