【 နိုင်ငံတကာ 】 ရုရှားသိမ်းပိုက်ထားသော ခရိုင်းမီးယားတွင် ယူကရိန်းက အထူးစစ်ဆင်ရေးလုပ်

【 နိုင်ငံတကာ 】 ရုရှားသိမ်းပိုက်ထားသော ခရိုင်းမီးယားတွင် ယူကရိန်းက အထူးစစ်ဆင်ရေးလုပ်

ကိယက်ဗ်၊ သြဂုတ် - ၂၅

ယူကရိန်းရေတပ်နှင့် စစ်ထောက်လှမ်းရေးတို့က ရုရှားသိမ်းပိုက်ထားသော ခရိုင်းမီးယားသို့ ညဘက်ဆင်းကာ အထူးစစ်ဆင်ရေး စလုပ်ခဲ့ကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာန၏ အဓိကထောက်လှမ်းရေးဌာန (HUR) က သြဂုတ်လ (၂၄) ရက်နေ့တွင် ပြောကြားခဲ့ပါတယ်။

Reuters မှ သီးခြား အတည်မပြုနိုင်သော အဆိုပါစစ်ဆင်ရေးတွင် ခရိုင်းမီးယား၌ မြေပြင်စစ်ဆင်ရေးများ လုပ်ဆောင်နိုင်ခဲ့သည့် ရှားရှားပါးပါး လုပ်ဆောင်မှုဖြစ်ပြီး အဆိုပါခရိုင်းမီးယားကို ရုရှားက ၂၀၁၄ ခုနှစ်တွင် သိမ်းယူခဲ့တာဖြစ်ပါတယ်။

အကျဉ်းရုံးဖော်ပြထားသည့် ဗီဒီယိုမှတ်တမ်းတွင် မှောင်မိုက်နေမှုနဲ့အတူ ကမ်းရိုးတန်းအနီး ညဘက်မှာ မော်တော်ဘုတ်လေးတစ်စင်း ရွေ့လျှားနေတာကို တွေ့ရပါတယ်။ (HUR) က အဆိုပါဆင်းသက်သည့် နေရာမှာ ခရိုင်းမီးယားအနောက်ဘက်စွန်း အိုလန်နီဗာကာနှင့် မာယင်ခ်အနီးတွင်ဖြစ်ကြောင်း ဆိုပါတယ်။

“ရေယာဉ်ပေါ်ပါ အထူးတပ်ဖွဲ့များမှာ အိုလန်နီဗာကာနှင့် မာယင်ခ် ဒေသခံများနေထိုင်ရာ ဒေသရှိ ကမ်းစပ်တွင် ဆင်းသက်ခဲ့သည်” ဟု (HUR) က ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

“ရည်မှန်းချက်အားလုံး” ပြီးမြောက်ခဲ့ပြီး ရန်သူကို အသေအပျောက်များစေခဲ့ကြောင်း၊ သို့သော် ရည်မှန်းချက်များကို မဖော်ထုတ်ခဲ့ပေ။

ဘယ်နေရာမှာဖြစ်သည်ကို  အတိအကျမပြောဘဲ “ဒါ့အပြင် ယူကရိန်း ခရိုင်းမီးယားမှာ နိုင်ငံတော်အလံ ထပ်လွှင့်ခဲ့တယ်” လို့ ပြောခဲ့ပါတယ်။

ယူကရိန်းလွတ်လပ်ရေးနေ့နဲ့ တိုက်ဆိုင်တဲ့ ယင်းထုတ်ပြန်မှုအပေါ် ရုရှားက မှတ်ချက်မပေးခဲ့ပေ။

ယူကရိန်းသမ္မတ ဗလိုဒိုမာ ဇီလင်စကီးက ဗုဒ္ဓဟူးနေ့တွင် ခရိုင်းမီးယားကို ရုရှားက သိမ်းပိုက်ထားမှုကို အဆုံးသတ်ရန် ကတိပြုခဲ့သော်လည်း ရုရှားက ကျွန်းဆွယ်ကို စွန့်ခွာရန် အရိပ်အယောင်မရှိပေ။

ဗုဒ္ဓဟူးနေ့တွင် ယူကရိန်းစစ်ထောက်လှမ်းရေးက ရုရှားစစ်လေယာဉ်မှူးတစ်ဦးကို ၎င်း၏ Mi-8 ရဟတ်ယာဉ်နှင့်အတူ  ယူကရိန်းလေယာဉ်ကွင်းတွင် ဆင်းသက်ရန် ဆွဲဆောင်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

Linko
Ref - AsiaOne