【 နိုင်ငံတကာ 】 ရုရှားသို့ လက်နက်များ အများအပြား မြောက်ကိုရီးယားတင်ပို့ခဲ့ဟု အမေရိကန် ဆို

【 နိုင်ငံတကာ 】 ရုရှားသို့ လက်နက်များ အများအပြား မြောက်ကိုရီးယားတင်ပို့ခဲ့ဟု အမေရိကန် ဆို

ဝါရှင်တန်၊ အောက်တိုဘာ - ၁၄

မော်စကို၏ ယူကရိန်းစစ်ပွဲအတွက် အထောက်အကူဖြစ်စေရန် ရုရှားနိုင်ငံသို့ စစ်လက်နက်ကွန်တိန်နာ ၁,၀၀၀ ကျော်ကို မြောက်ကိုရီးယားက မကြာသေးမီက ပေးပို့ခဲ့ကြောင်း အမေရိကန်က သောကြာနေ့တွင် ပြောကြားခဲ့ပါတယ်။

“ကျနော်တို့အချက်အလက်တွေက ဘာကိုပြနေသလဲဆို မကြာသေးမီရက်ပိုင်းက ရုရှားနိုင်ငံကို  စစ်လက်နက်ပစ္စည်းများနဲ့ ခဲယမ်းမီးကျောက် ကွန်တိန်နာ ၁၀၀၀ ကျော်ကို ထောက်ပံ့ပေးခဲ့တာကို  ဖော်ပြနေတယ်” လို့ အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီကို ကိုးကားပြီး ကုလသမဂ္ဂဆိုင်ရာ အမေရိကန်မစ်ရှင်က ကြေညာခဲ့ပါတယ်။

အမေရိကန်မစ်ရှင်ဟာ စက်တင်ဘာ ၇ ရက်မှ အောက်တိုဘာ ၁ ရက်အတွင်း ရုရှားအလံတင် ကုန်တင်သင်္ဘော Angara မြောက်ကိုရီးယား ဆိပ်ကမ်း Rajin မှ ဗလာဒီဗာ့စတော့ပင်လယ်ဆိပ်ကမ်းအနီးရှိ Dunay သို့ ကွန်တိန်နာ ပို့ဆောင်သည့် လုပ်ငန်းစဉ်ကို ပြသသည့် ပုံကို တင်ခဲ့ပါတယ်။

ပုံများတွင် ကွန်တိန်နာများ၏ အကြောင်းအရာများကို မပြသထားသော်လည်း ယူကရိန်းနယ်စပ်မှ မိုင် 180 (290 ကီလိုမီတာ) အကွာရှိ  ရုရှားနိုင်ငံ အနောက်တောင်ပိုင်းရှိ Tikhoretsk အနီးရှိ ခဲယမ်းမီးကျောက် ဂိုထောင်သို့ မီးရထားဖြင့် ရွှေ့ပြောင်းခဲ့တယ်လို့ ခန့်မှန်းခဲ့ပါတယ်။

Rajin မှ သင်္ဘောတင်ကွန်တိန်နာ ၃၀၀ ခန့်ကို ရုရှားနိုင်ငံသို့ စက်တင်ဘာ ၇ ရက်မှ ၈ ရက်အတွင်း ပို့ဆောင်ရန် ပြင်ဆင်နေတာကို ပုံများတွင် မြင်တွေ့ရပါတယ်။

ကုန်တင်သင်္ဘော Angara ဟာ စက်တင်ဘာ ၁၂ ရက် ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် အရှေ့ဖျားရှိ အာကာသစခန်းတစ်ခုတွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နှင့် ဆွေးနွေးမှုမပြုလုပ်မီ တစ်ရက်အလိုတွင် ဒူနေမြို့သို့ ရောက်ရှိလာကြောင်းကို ပြသထားပါတယ်။

Linko
Ref - NK news