【 နိုင်ငံတကာ 】 ရုရှားသို့ လက်နက်လွှဲပြောင်းမှု သုံးပွင့်ဆိုင်ကြေညာချက်ကို မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ဝေဖန်

【 နိုင်ငံတကာ 】 ရုရှားသို့ လက်နက်လွှဲပြောင်းမှု သုံးပွင့်ဆိုင်ကြေညာချက်ကို မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ဝေဖန်

ဆိုးလ်၊ အောက်တိုဘာ - ၂၈
 
ရုရှားသို့ လက်နက်ပေးပို့မှုကို ရှုတ်ချသည့် ဆိုးလ်၊ ဝါရှင်တန်နှင့် တိုကျိုတို့ ယခုအပတ်အတွင်း ထုတ်ပြန်သည့် ကြေညာချက်တစ်စောင်ကို မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးက စနေနေ့တွင် ဝေဖန်လိုက်ပြီး ထိုကြေညာချက်သည် အခြေအမြစ်မရှိသည့် ဝေဖန်မှုဖြစ်ကြောင်း ပြောလိုက်ပါတယ်။ 
 
မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ချိုးဆွန်ဟွိက ပြုံးယမ်း၏ တရားဝင် ကိုရီးယားဗဟိုသတင်းဌာန (KCNA) မှတစ်ဆင့် ကြေညာချက်တစ်စောင် ထုတ်ပြန်ပြီး နိုင်ငံများ၏ အချုပ်အခြာအာဏာနှင့်ပတ်သက်လျှင် မည်သူမျှ ဝင်ရောက်စွက်ဖက်ခွင့်မရှိကြောင်း ပြောကြားလိုက်ပါတယ်။
 
ယခုအပတ်အစောပိုင်းတွင် တောင်ကိုရီးယား၊ အမေရိကန်ပြည်ထောင်စုနှင့် ဂျပန်တို့သည် ပူးတွဲ ကြေညာချက်တစ်စောင် ထုတ်ပြန်ပြီး မြောက်ကိုရီးယားက ရုရှားသို့ စစ်လက်နက်ခဲယမ်း ထောက်ပံ့ခြင်းကို ပြစ်တင်ရှုတ်ချပြီး မြောက်ကိုရီးယားက ရုရှားသို့ လက်နက်ခဲယမ်းအချို့ ပေးပို့ခြင်းကို အတည်ပြုခဲ့ပါတယ်။
 
ယူကရိန်းအစိုးရနှင့် ပြည်သူများကို တိုက်ခိုက်ရန် ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ (DPRK) က ရုရှားဖက်ဒရေးရှင်းသို့ စစ်လက်နက်ပစ္စည်း ခဲယမ်းများ ပေးပို့ခြင်းကို ထိုသုံးနိုင်ငံက အပြင်းအထန် ရှုတ်ချသည်ဟု ထိုနိုင်ငံများမှ ထိပ်တန်းသံတမန်များအမည်ဖြင့် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားပါတယ်။ 
 
“DPRK နဲ့ ရုရှားနဲ့ပတ်သက်ပြီး သူတို့မှာ မကောင်းကြံတဲ့စိတ်ဓာတ်မရှိရင် နိုင်ငံ ၂ ခုအကြား တန်းတူ ပုံမှန်ဆက်ဆံရေး ဖြစ်ပေါ်တိုးတက်မှုနဲ့ပတ်သက်ပြီး ဘာမှစိတ်မသက်မသာဖြစ်စရာ အကြောင်းမရှိဘူး” ဟု မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ပြောခဲ့ပါတယ်။ 
 
Linko
Ref - Yonhap