【 နိုင်ငံတကာ 】 ရှီကျင့်ဖျင်သည် ပထမဆုံးအကြိမ် “တရုတ်-လက်တင်အမေရိကနှင့် ကာရစ်ဘီယံနိုင်ငံများအကြား အာကာသလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်” သို့ ဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့

【 နိုင်ငံတကာ 】 ရှီကျင့်ဖျင်သည် ပထမဆုံးအကြိမ် “တရုတ်-လက်တင်အမေရိကနှင့် ကာရစ်ဘီယံနိုင်ငံများအကြား အာကာသလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်” သို့ ဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့

ပေကျင်း၊ ဧပြီ - ၂၄

ယခုလ ၂၄ ရက်နေ့တွင် တရုတ်နိုင်ငံတော်သမ္မတ ရှီကျင့်ဖျင်သည် ပထမဆုံးအကြိမ် “တရုတ်-လက်တင်အမေရိကနှင့် ကာရစ်ဘီယံနိုင်ငံများအကြား အာကာသလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်”သို့ ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။

ရှီကျင့်ဖျင်က မကြာခင် နှစ်များတွင် တရုတ်-လက်တင်အမေရိကနိုင်ငံများအကြားရှိ အာကာသလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုများတွင် အောင်ကျိုးရလဒ်များစွာ ရရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် လက်တင်အမေရိကနှင့် ကာရစ်ဘီယံနိုင်ငံများနှင့်အတူ ပထမဆုံးအကြိမ် “တရုတ်-လက်တင်အမေရိကနှင့် ကာရစ်ဘီယံနိုင်ငံများအကြား အာကာသလုပ်ငန်း
ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်” ကို အစပျိုးလှုပ်ရှားမှုအဖြစ် ထားရှိပြီး အဆင့်မြင့်မားသော တရုတ်-လက်တင်အမေရိက အာကာသလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှုကို တည်ဆောက်ကာ အာကာသနည်းပညာကို နှစ်ဖက်ပြည်သူများအား ပိုမိုကောင်းမွန်စွာ အကျိုးပြုစေရန် တိုးမြှင့်၍ တရုတ်-လက်တင်အမေရိက ကံကြမ္မာတူအသိုက်အဝန်း တည်ဆောက်ရေးကို ဆက်တိုက် တွန်းအားပေးလိုကြောင်း ဂုဏ်ပြုသဝဏ်လွှာတွင် ရေးသားဖော်ပြထားပါတယ်။

ပထမဆုံးအကြိမ် “တရုတ်-လက်တင်အမေရိကနှင့် ကာရစ်ဘီယံနိုင်ငံများအကြား အာကာသလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်” ကို ထိုနေ့က ဟူပေပြည်နယ်၊ ဝူဟန့်မြို့တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်တယ်လို့ China Media Group သတင်းအရ သိရပါတယ်။