【 နိုင်ငံတကာ 】 လက်ဘနွန်ကို ပစ်မှတ်ထားသော တိုက်ခိုက်မှုအတွင်း ရိုက်တာသတင်းထောက်တစ်ဦး သေဆုံးခဲ့

【 နိုင်ငံတကာ 】 လက်ဘနွန်ကို ပစ်မှတ်ထားသော တိုက်ခိုက်မှုအတွင်း ရိုက်တာသတင်းထောက်တစ်ဦး သေဆုံးခဲ့

ဘေရွတ်၊ အောက်တိုဘာ - ၃၀ 
 
ရိုက်တာသတင်းထောက် အစ္စမ်အဗ္ဗဒူလာရှ်သည် အောက်တိုဘာ ၁၃ ရက် လက်ဘနွန်တောင်ပိုင်း အစ္စရေးနယ်စပ်ကို ဦးတည်သော ပစ်မှတ်ထားသော တိုက်ခိုက်မှုတစ်ခုအတွင်း သေဆုံးခဲ့ကြောင်း နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က ၎င်း၏ စုံစမ်းစစ်ဆေးမှု ပဏာမတွေ့ရှိချက်များကို အခြေခံကာ တနင်္ဂနွေနေ့က ပြောခဲ့ကြောင်း ရိုက်တာသတင်းက ဖော်ပြခဲ့ပါတယ်။ 
 
RSF မှ ပြုလုပ်သော ပဲ့ထိန်းဒုံးကျည်ပစ်ခတ်မှုကို ခွဲခြမ်းစိပ်ဖြာမှုအရ ပစ်ခတ်မှုများသည် သတင်းထောက်များ ရပ်နေသည့် အရှေ့အရပ်မှ ထွက်ပေါ်လာခြင်းဖြစ်ပြီး အစ္စရေးနယ်စပ်၏ ဦးတည်ချက်မှ ထွက်ပေါ်လာခြင်းဖြစ်သည်ဟု RSF က ဆိုပါတယ်။
 
“အချိန်တိုလေးအတွင်းမှာ တစ်နေရာတည်းမှာ ပစ်လွှတ်မှုနှစ်ခု (စက္ကန့် ၃၀ ကျော်) အတွင်းမှာ တူညီတဲ့ ဦးတည်ချက်ကနေ တိကျတဲ့ ပစ်မှတ်ကို ရှင်းရှင်းလင်းလင်း ပစ်ခတ်ခဲ့တာကိုဖော်ပြပါတယ်”။
 
RSF အစီရင်ခံစာသည် သတင်းသမားများကို တိုက်ခိုက်ခြင်း (သို့မဟုတ်) ၎င်း၏ အရင်းခံ ခွဲခြမ်းစိပ်ဖြာမှုအရ ထောက်ပံ့ပေးခြင်းဟု ကောက်ချက်ချခြင်း မရှိပါ။
 
RSF ၏ တွေ့ရှိချက်အပေါ် မှတ်ချက်ပေးရန် တောင်းဆိုချက်ကို အစ္စရေးစစ်တပ်က ချက်ခြင်းမတုံ့ပြန်ခဲ့ပေ။သတင်းသမားများကို တမင်ပစ်မှတ်ထားခြင်းမရှိကြောင်းနှင့် အောက်တိုဘာ ၁၃ ရက် ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေသည်ဟု ၎င်းကဆိုပါတယ်။ 
 
Reuters ၏ ထုတ်ပြန်ချက်တွင် “နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) မှ ရရှိခဲ့သော ပဏာမကောက်ချက်ချမှုအရ အစ္စရေးမှ အစ္စမ်အဗ္ဗဒူလာရှ်နှင့် အခြားသတင်းထောက်များကို အလာမာအီလ်ချာဘာတွင် အောက်တိုဘာလ ၁၃ ရက်နေ့တွင် တမင်တကာပစ်ကြောင်း တွေ့ရှိရတယ်” လို့ ဖော်ပြခဲ့ပါတယ်။ 
 
“ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်အတွက် လျင်မြန်ပြီး စေ့စေ့စပ်စပ် ပွင့်လင်းမြင်သာတဲ့ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ဖို့ အစ္စရေး အာဏာပိုင်တွေကို ကျနော်တို့ ထပ်လောင်းတောင်းဆိုပါတယ်။ပြီးတော့ အဖြစ်အပျက်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ပေးစွမ်းနိုင်ဖို့ တခြားအာဏာပိုင်တွေအားလုံးကို တောင်းဆိုထားပါတယ်။နှောင့်ယှက်ခြင်း (သို့မဟုတ်) ထိခိုက်နစ်နာမှုမရှိစေဘဲ အများပြည်သူအကျိုးအတွက် သတင်းအစီရင်ခံ တင်ပြပါ” လို့ ဖော်ပြခဲ့ပါတယ်။ 
 
အစ္စမ်အဗ္ဗဒူလာရှ်သည်  အောက်တိုဘာ ၁၃ ရက်က အစ္စရေးစစ်တပ်နှင့် လက်ဘနွန်ပြည်သူ့စစ် ဟစ်ဇ်ဘိုလာတို့ ပစ်ခတ်မှုဖြစ်ပွားမှုကို အစ္စရေးနယ်စပ်အနီးရှိ အလာမာအီလ်ချာဘာရွာအနီးတွင် အခြားသတင်းထောက်ခြောက်ဦးနှင့် သတင်းရယူနေစဉ် သေဆုံးခဲ့ခြင်းဖြစ်ပါတယ်။
 
Linko
Ref - Newrab