【 နိုင်ငံတကာ 】 လာမည့်လတွင် ဘိုင်ဒင်-ရှီ တွေ့ဆုံရန် တရုတ်နှင့် အမေရိကန် သဘောတူ

【 နိုင်ငံတကာ 】 လာမည့်လတွင် ဘိုင်ဒင်-ရှီ တွေ့ဆုံရန် တရုတ်နှင့် အမေရိကန် သဘောတူ

ဝါရှင်တန်၊ အောက်တိုဘာ - ၂၈ 
 
လာမည့်လတွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ဆန်ဖရန်စစ္စကိုတွင် တွေ့ဆုံရန် ဝါရှင်တန်နှင့် ပေကျင်းတို့ အတူတကွလုပ်ဆောင်နေကြောင်း အမေရိကန် အဆင့်မြင့်အရာရှိတစ်ဦးက ပြောခဲ့ပါတယ်။
 
အမေရိကန်လွှတ်တော်သို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ရှားရှားပါးပါး သွားရောက်ပြီးနောက် ထိုသို့ပြောကြားခြင်းဖြစ်ပါတယ်။ 
 
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဂျိုးဘိုင်ဒင်နှင့် တစ်နာရီခန့် တွေ့ဆုံခဲ့ပြီး အမေရိကန် ခေါင်းဆောင်က ဆက်ဆံရေးတွင် ယှဉ်ပြိုင်မှုကို တာဝန်သိသိ ကိုင်တွယ်ရန်နှင့် ကမ္ဘာ့စိန်ခေါ်မှုများကို ပူးပေါင်းဆောင်ရွက်စဉ် ဆက်သွယ်ရေးလမ်းကြောင်းဖွင့်ထားရန် လိုအပ်ကြောင်း အလေးထားပြောခဲ့ပါတယ်။ 
 
ဝမ်က အမေရိကန်ပြည်ထောင်စုသို့ သွားရောက်ခြင်းသည် ၅ နှစ်ခန့်အတွင်း တရုတ်မှ အဆင့်အမြင့်ဆုံး အရာရှိတစ်ဦး အမေရိကန်သို့ သွားရောက်ခြင်းဖြစ်ပြီး နိုဝင်ဘာလ ၁၆-၁၇ တွင် ဆန်ဖရန်စစ္စကိုတွင် ကျင်းပမည့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ထိပ်သီးဆွေးနွေးပွဲအတွင်း ရှီနှင့် ဘိုင်ဒင် တွေ့ဆုံရေးကို ကူညီလမ်းဖွင့်ပေးခြင်းဖြစ်သည်ဟု မြင်ကြပါတယ်။ 
 
အမည်မဖော်လိုသော အမေရိကန်အဆင့်မြင့်အရာရှိတစ်ဦးက ထိုအစည်းအဝေး ဖြစ်မည်၊ မဖြစ်မည်ကို အသေးစိတ်ပြောကြားခြင်း မပြုသော်လည်း အမေရိကန်ဘက်က အဆင်သင့် ပြင်ဆင်နေကြောင်း ပြောခဲ့ပါတယ်။ 
 
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီ ဘလင်ကန်သည်လည်း သောကြာနေ့တွင် ဝမ်နှင့် ၆ နာရီကြာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြပါတယ်။ထိုအစည်းအဝေးသည် နိုင်ငံခြားရေးဝန်ကြီးများအကြား ဒုတိယနေ့ ဆွေးနွေးခြင်းဖြစ်ပါတယ်။ 
 
ထိုသို့ဆွေးနွေးစဉ် ဘလင်ကန်က စစ်ဘက်ဆက်ဆံရေးလမ်းကြောင်းဖွင့်ထားရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။ 
 
Linko
Ref - Japantimes