【 နိုင်ငံတကာ 】 လူ့အခွင့်အရေးနှင့်အပေါ် သဘောထားကို ကုလသမဂ္ဂဆိုင်ရာ တရုတ်ကိုယ်စားလှယ် ရှင်းလင်း

【 နိုင်ငံတကာ 】 လူ့အခွင့်အရေးနှင့်အပေါ် သဘောထားကို ကုလသမဂ္ဂဆိုင်ရာ တရုတ်ကိုယ်စားလှယ် ရှင်းလင်း

ပေကျင်း၊ မတ် - ၁၈

ကုလသမဂ္ဂဆိုင်ရာ ဂျနီဗာရုံးနှင့် ဆွစ်ဇာလန်မှ အခြားနိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် ချန်ရှုက တရုတ်၏ လူ့အခွင့်အရေးရပ်တည်မှုနှင့် အောင်မြင်မှုများကို ၅၅ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ အစည်းအဝေးတွင် သောကြာနေ့က ရှင်းလင်းပြောခဲ့ကြောင်း သိရပါတယ်။

ချန်က တရုတ်နိုင်ငံ၏ ကမ္ဘာ့လူ့အခွင့်အရေး စီမံခန့်ခွဲမှုတွင် တရုတ်၏ တစ်သမတ်တည်းရှိပြီး နိုင်ငံတကာတွေ့ဆုံဆွေးနွေးရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားပေးကြောင်း အလေးထားပြောခဲ့ပါတယ်။

တရုတ်နိုင်ငံသည် လူ့အခွင့်အရေး အမျိုးအမည်အားလုံး ညီမျှစွာတိုးတက်ရေးကို တန်းတူအာရုံစိုက်ကြောင်း အထူးသဖြင့် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများနှင့် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အရေးများကို အလေးထားသည့် တရုတ်၏ ထောက်ခံမှုကိုသူ မီးမောင်းထိုးပြခဲ့ပါတယ်။

ချန်က ပြီးခဲ့သည့် ကုလသဂ္ဂလူ့အခွင့်အရေးကောင်စီ အစည်းအဝေးတွင် တရုတ်အပါအဝင် နိုင်ငံပေါင်း ၈၀ က အဆိုပြုခဲ့သည့် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများဆိုင်ရာ ဆုံးဖြတ်ချက် ချမှတ်ခြင်းကို အလေးထားပြောခဲ့ပါတယ်။ထို့အပြင် ငြိမ်းချမ်းရေး၊ တိုးတက်မှုနှင့် လူ့အခွင့်အရေးများ၏ အပြန်အလှန်မှီခိုမှုကို ချန်က အလေးထားပြောပြီး အမျိုးမျိုးသော ကုလသမဂ္ဂအေဂျင်စီများအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် အလေးထားပြောခဲ့ပါတယ်။

အမျိုးမျိုးသော ကုလသမဂ္ဂအေဂျင်စီများသည် ၎င်းတို့၏လုပ်ပိုင်ခွင့်များနှင့်အညီ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်မည်ဟု မျှော်လင့်ကြောင်းလည်း သူကပြောခဲ့ပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ သမာသမတ်ရှိရှိ ဓမ္မဓိဋ္ဌာန်ကျကျ လုပ်ငန်းလည်ပတ်ရေး၊ ရွေးချယ်ခွဲခြားမှုမရှိဘဲ နိုင်ငံရေးအတွက် အသုံးမချရေးမူကို လိုက်နာရေးနှင့် သက်ဆိုင်သူအားလုံးအကြား အပြုသဘော ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး စင်မြင့်အဖြစ် ပြုစုပျိုးထောင်ရေးကို ချန် အလေးထားပြောခဲ့ခဲ့ပါတယ်။

ပြည်သူလူထုကို ဗဟိုပြုရန် တရုတ်နိုင်ငံ၏ ကတိကဝတ်နှင့် လူ့အခွင့်အရေးမြှင့်တင်ရာတွင် သမိုင်းမှတ်တိုင်သစ်များ ထူထောင်ရေးကို ချန် မီးမောင်းထိုးပြသည်။တရုတ်နိုင်ငံသည် လုံးဝဆင်းရဲနွမ်းပါးမှုပြဿနာကို အောင်မြင်စွာ ကိုင်တွယ်ဖြေရှင်းပြီး လွန်ခဲ့သောနှစ်တွင် ဆင်းရဲနွမ်းပါးသော ဒေသများမှ ကျေးလက်နေ ပြည်သူများ၏ ဝင်ငွေကို ၈.၄ ရာခိုင်နှုန်း တိုးတက်အောင် လုပ်နိုင်ခဲ့ကြောင်း ချန်က ပြောခဲ့ပါတယ်။

တရုတ်၏ အလုံးစုံ ပြည်သူ့ဒီမိုကရေစီတိုးတက်မှုနှင့် ဥပဒေပြုရေး၊ တရားဥပဒေ စိုးမိုးရေး၊ တရားစီရင်ရေးနှင့် ဥပဒေလိုက်နာရေးအပါအဝင် လူ့အခွင့်အရေး၏ သွင်ပြင်လက္ခဏာများအားလုံးကို လေးစားကာကွယ်ရန် အစိုးရ၏ ကတိကဝတ်ကိုလည်း သူကဖော်ပြခဲ့ပါတယ်။

တရုတ်နိုင်ငံ၏ ဥပဒေနှင့်အညီ နိုင်ငံသားများ၏ လွတ်လပ်စွာကိုးကွယ်ယုံကြည်မှု အကာအကွယ်ပေးကာ ဘာသာရေးများအကြား သဟဇာတဖြစ်စေရေးကို ချန် မီးမောင်းထိုးပြခဲ့ပါတယ်။

တရုတ်နိုင်ငံသည် သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ ကလေးများနှင့် အမျိုးသမီးများ၏ အခွင့်အရေးကို အလေးထားပြီး မသင်မနေရပညာရေး၊ အခြေခံအငြိမ်းစားလစာနှင့် ဆေးဝါးကုသရေးတို့အတွက် အစိုးရထောက်ပံ့ကြေးများကို ဆက်လက်မြှင့်တင်နေပြီး အကူအညီနယ်ပယ်ကို တိုးချဲ့နေကြောင်း သူကပြောခဲ့ပါတယ်။

ထို့အပြင် မြို့ပြကျေးရွားများကို အဆင့်မြှင့်တင်ရေးနှင့် တန်ဖိုးနည်းအိမ်ရာများ ထောက်ပံ့ခြင်းကြောင့် မိသားစုသန်းပေါင်းများစွာ အကျိုးခံစားရကြောင်း ချန်က ပြောခဲ့ပါတယ်။

လူတိုင်း လူတိုင်း လူ့အခွင့်အရေး ခံစားရရေး မြင့်မားသော ရည်မှန်းချက် ပြည့်မီရန် မဆုတ်နစ်သော အားထုတ်မှုပြုလုပ်ရေးအတွက် အားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရန် တရုတ်က အသင့်ရှိကြောင်း ချန်က ပြောခဲ့ပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - CMG