【 နိုင်ငံတကာ 】 လူ ၆၀ နီးပါးသေဆုံးခဲ့ရသည့် ပါကစ္စတန်ဗလီပေါက်ကွဲမှုတွင် အိန္ဒိယသူလျှိုလက်ချက်ပါနေဟု ပါကစ္စတန်စွပ်စွဲ

【 နိုင်ငံတကာ 】 လူ ၆၀ နီးပါးသေဆုံးခဲ့ရသည့် ပါကစ္စတန်ဗလီပေါက်ကွဲမှုတွင် အိန္ဒိယသူလျှိုလက်ချက်ပါနေဟု ပါကစ္စတန်စွပ်စွဲ

ကရာချိ၊ အောက်တိုဘာ - ၁ 
 
ပါကစ္စတန်နိုင်ငံရှိ ဗလီတစ်ခုတွင် ပေါက်ကွဲမှုကြီးတစ်ခုဖြစ်ပွားခဲ့ရာ သေဆုံးသူဦးရေမှာ ၅၉ ဦးအထိ မြင့်တက်လာခဲ့ပြီး ကျူးလွန်သူများကို ရှာဖွေရန် အစိုးရက ကတိပြုထားပြီး အိန္ဒိယ ထောက်လှမ်းရေးအေဂျင်စီတို့ ပါဝင်သည်ဟု စွပ်စွဲခဲ့ပါတယ်။ 
 
တိုက်ခိုက်မှုဖြစ်ပွားရာ ဘယ်လိုချီစ္စတန် ပြည်နယ်ရှိ ကျန်းမာရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝါစင်ဘာဂီက သောကြာနေ့မှစ၍ ဆေးရုံတွင် နောက်ထပ်လူခုနစ်ဦးသေဆုံးခဲ့ကြောင်း စနေနေ့ကပြောကြားခဲ့ပြီး သေဆုံးသူဦးရေတိုးလာခြင်းကြောင့် လူနာများ ပိုမိုစိုးရိမ်ရသည့်အခြေအနေတွင်ရှိနေကြောင်း ၎င်းကဆိုပါတယ်။
 
သောကြာနေ့က တောင်ပိုင်းပြည်နယ် မတ်စတန်း ရှိ ဗလီတစ်ခုတွင် ဗုံးခွဲသူတစ်ဦးက တမန်တော် မိုဟာမက်၏ မွေးနေ့အထိမ်းအမှတ် စီတန်းလှည့်လည်ရာရှိ ရဲတပ်ဖွဲ့ယာဉ်အနီးတွင် ဖောက်ခွဲရေးပစ္စည်းများကို ဖောက်ခွဲသဖြင့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ 
 
အိန္ဒိယသည် ပါကစ္စတန်ရှိ အကြမ်းဖက်အုပ်စုများကို ထောက်ပံ့ပေးနေသည်ဟု ပါကစ္စတန်အာဏာပိုင်များက ကာလရှည်ကြာ အခိုင်အမာပြောဆိုခဲ့သော်လည်း အိန္ဒိယက အမြဲတမ်းငြင်းဆိုခဲ့ပါတယ်။ 
 
မတ်စတန်း အသေခံဗုံးခွဲမှုမှာပါဝင်တဲ့ အစိတ်အပိုင်းမှန်သမျှကို အရပ်ဘက်၊ စစ်တပ်နှင့် အခြားအဖွဲ့အစည်းအားလုံးပူးပေါင်း၍ ဆန့်ကျင်တိုက်ခိုက်သွားမှာဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဆာဖာရာဇ်ဘူတီက ဘယ်လိုချီစ္စတန်ပြည်နယ်မြို့တော် ကွီတာမှာ မီဒီယာများကို ပြောကြားခဲ့ပါတယ်။ 
 
အိန္ဒိယ၏ သုတေသနနှင့် ခွဲခြမ်းစိတ်ဖြာမှု (RAW) ထောက်လှမ်းရေးအေဂျင်စီကို ရည်ညွှန်းပြီး "
“RAW သည် အသေခံဗုံးခွဲတိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်သည်” ဟု ပြောခဲ့ပါတယ်။ 
 
“ဒီတစ်ခုမတိုင်ခင် ဘယ်လိုချီစ္စတန်မှာဖြစ်ပွားခဲ့တဲ့ အဓိကအဖြစ်အပျက်တွေအားလုံးကို ဖော်ထုတ်တွေ့ရှိခဲ့ပြီး၊ ပါကစ္စတန်ကို မတည်မငြိမ်ဖြစ်စေလိုတဲ့ အင်အားစုတွေဖြစ်တဲ့ ဒါတွေအကုန်လုံးရဲ့နောက်ကွယ်မှာ အိန္ဒိယရဲ့ RAW ဟာ ရှိပါတယ်” ဟု ၎င်းက ပြောကြားခဲ့ပါတယ်။ 
 
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အစိုးရ ပြောရေးဆိုခွင့်ရှိသူတို့က ယင်းစွပ်စွဲမှုအပေါ် မှတ်ချက်ပေးရန် တောင်းဆိုမှုများကို ချက်ချင်း တုံ့ပြန်ခြင်းမရှိပေ။
 
Linko
Ref - TRTworlds