【 နိုင်ငံတကာ 】 ဝဂ္ဂနာတပ်မှူးဟောင်း ထရိုရှင်ကို ပူတင် တွေ့ဆုံပြီး ယူကရိန်းတွင် တပ်ဖွဲ့ ဖွဲ့ရန် တောင်းဆို

【 နိုင်ငံတကာ 】 ဝဂ္ဂနာတပ်မှူးဟောင်း ထရိုရှင်ကို ပူတင် တွေ့ဆုံပြီး ယူကရိန်းတွင် တပ်ဖွဲ့ ဖွဲ့ရန် တောင်းဆို

မော်စကို၊ စက်တင်ဘာ - ၃၀

ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် ဝဂ္ဂနာတပ်မှူးဟောင်း အင်ဒရေ ထရိုရှင်ကို တွေ့ဆုံပြီး မော်စကို၏ ယူကရိန်းအထူးစစ်ဆင်ရေးအတွက် တပ်ဖွဲ့ ဖွဲ့ရန် ပြောသည်ဟု ကရင်မလင်နန်းတော်က သောကြာနေ့တွင် ပြောခဲ့ပါတယ်။

ဒုတိယကာကွယ်ရေးဝန်ကြီး ယူနတ်ဘက် ယက်ကူရော့သည် ကြာသပတေးနေ့ ညနေက ကရင်မလင်တွင် ကျင်းပသည့် ထိုအစည်းအဝေးတွင်ပါဝင်သည်ဟု သမ္မတရုံး ပြန်ကြားရေး၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ပူတင်က ထရိုရှင်အနေဖြင့် စစ်မြေပြင်တွင် အမျိုးမျိုးသော ထိုးစစ်တာဝန်များ ထမ်းဆောင်မည့် စေတနာ့ဝန်ထမ်းတပ်များဖွဲ့ရန် ပြောသည်။

“မင်းက အဲဒီလိုတပ်ဖွဲ့မှာ တစ်နှစ်လောက်တိုက်ခဲ့တယ်။ဘာလဲ ဘာလုပ်ရမလဲ ထိုးစစ်မှာ အကောင်းဆုံးဖြစ်အောင် အအောင်မြင်ဆုံးဖြစ်အောင် ဘယ်လိုလုပ်ရမလဲ မင်းသိတယ်” ဟု ပူတင် ပြောသည်။

ထရိုရှင်သည် အငြိမ်းစားဗိုလ်မှူးကြီးနှင့် ဝဂ္ဂနာတပ်ဖွဲ့ စစ်ဦးစီးအရာရှိဟောင်းဖြစ်သည်။သူသည် ပရီဂိုဇင်၏ ပုန်ကန်မှုကို ဆန့်ကျင်သူဖြစ်သည်။

Linko
Ref - Anadolu Agency