【 နိုင်ငံတကာ 】 ဝမ်ယိသည် ဘလင်ကန်နှင့် တွေ့ဆုံရာ တရုတ်-အမေရိကန် ဆက်ဆံရေးသည် နှစ်နိုင်ငံလုံးအတွက် အရေးကြီးကြောင်း ပြောကြား

【 နိုင်ငံတကာ 】 ဝမ်ယိသည် ဘလင်ကန်နှင့် တွေ့ဆုံရာ တရုတ်-အမေရိကန် ဆက်ဆံရေးသည် နှစ်နိုင်ငံလုံးအတွက် အရေးကြီးကြောင်း ပြောကြား

ပေကျင်း၊ ဧပြီ - ၂၆

ဧပြီလ ၂၆ ရက်နေ့တွင် ပေကျင်းမြို့၌ တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ၊ နိုင်ငံရေး ဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်နှင့် တွေ့ဆုံခဲ့ပါတယ်။

ဝမ်ယိက တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံခေါင်းဆောင်များ၏ ဦးဆောင်မှုဖြင့် နှစ်နိုင်ငံဆက်ဆံရေးသည် ယေဘုယျအားဖြင့် တည်ငြိမ်လာပြီး နယ်ပယ်အသီးသီးမှ ဆွေးနွေးမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် အပြုသဘောဆောင်သော အချက်များ တိုးများလာကာ နှစ်နိုင်ငံ ပြည်သူများနှင့် နိုင်ငံတကာမိသားစုကြီးက ၎င်းကို ကြိုဆိုကြကြောင်း ပြောပါတယ်။

သို့သော် တရုတ်-အမေရိကန် ဆက်ဆံရေးတွင် အပျက်သဘောဆောင်သော အချက်များလည်း တိုးလာပြီး အမျိုးမျိုးသော အနှောင့်အယှက်နှင့် ဖျက်ဆီးမှုများ ကြုံတွေ့ရကြောင်း၊ တရုတ်နိုင်ငံ၏ တရားမျှတသော ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အရေးမှာ အကြောင်းမဲ့ ဖိနှိပ်ခံနေရပြီး တရုတ်နိုင်ငံ၏ အဓိကအကျိုးစီးပွားမှာ စိန်ခေါ်မှုများ အဆက်မပြတ် ကြုံတွေ့နေရကြောင်းလည်း ဝမ်ယိက ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဝမ်ယိက တရုတ်-အမေရိကန် ဆက်ဆံမှုသည် တည်ငြိမ်မှန်ကန်စွာ တိုးတက်မှာလား၊ အောက်သို့ကျဆင်းမှာလားဟူသော အရေးသည် နှစ်နိုင်ငံစလုံးအတွက် အရေးကြီးကြောင်း အလေးထားပြောကြားခဲ့တယ်လို့ CMG သတင်းအရ သိရပါတယ်။