【 နိုင်ငံတကာ 】 သိမ်းထားတဲ့ ယူကရိန်းမြေမှာ ရွေးကောက်ပွဲလုပ်တဲ့ ရုရှားကို ‘အကျိုးဆက်’ ရှိလာမည်ဟု အီးယူ သတိပေး

【 နိုင်ငံတကာ 】 သိမ်းထားတဲ့ ယူကရိန်းမြေမှာ ရွေးကောက်ပွဲလုပ်တဲ့ ရုရှားကို ‘အကျိုးဆက်’ ရှိလာမည်ဟု အီးယူ သတိပေး

ဘရပ်ဆဲလ်၊ စက်တင်ဘာ - ၁၂

ကရင်မလင်က သိမ်းယူထားတဲ့ ယူကရိန်းဒေသတွေမှာ ကျင်းပနေတဲ့ ရွေးကောက်ပွဲထဲ ပါဝင်ပတ်သက်နေတဲ့သူတွေအတွက် “အကျိုးဆက်တွေ” ရှိလာမယ်လို့ ဥရောပသမဂ္ဂက တနင်္လာနေ့ (စက်တင်ဘာ ၁၁ ရက်) မှာ ရုရှားကို သတိပေးခဲ့ပါတယ်။

ရုရှားသိမ်းပိုက်ထားသော ဒေသများမှာ မဲအနိုင်ရရှိကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို ပြတ်ပြတ်သားသား ထောက်ခံသည့် United Russia ပါတီက တနင်္ဂနွေနေ့မှာ မော်စကိုက ကြေငြာခဲ့ပါတယ်။

“ရုရှားက ၎င်း၏တရားမဝင် စစ်ရေးထိန်းချုပ်မှုနှင့် ယူကရိန်းပိုင်နက်အစိတ်အပိုင်းများကို ပေါင်းစည်းရန် ကြိုးပမ်းမှုကို တရားဝင်ဖြစ်စေရန် (သို့မဟုတ်) ပုံမှန်သဘောဖြစ်စေရန် ကြိုးပမ်းမှုကို ပြင်းပြင်းထန်ထန် ပယ်ချကြောင်း”  နိုင်ငံပေါင်း ၂၇ နိုင်ငံပါ အီးယူအဖွဲ့မှ ပြောကြားခဲ့ပါတယ်။

“ရုရှားနှင့် ၎င်း၏တရားမဝင် ခန့်အပ်ထားသော အာဏာပိုင်များက ယူကရိန်းနိုင်ငံသားများကို ခြိမ်းခြောက်ခြင်းနှင့် တိုးမြင့်လာစေရန် ဖိနှိပ်နေခြင်းအောက်မှ ယူကရိန်းမှာ “ရွေးကောက်ပွဲ” လို့ခေါ်တဲ့ တရားမဝင် ပတ်စပို့တွေကို ရုရှားက အတင်းအကြပ်ကျင်းပနေမှု၊ ပတ်စပို့တွေ တရားမဝင်ထုတ်ပေးနေမှု၊ ကလေးသူငယ်များအပါအဝင် အတင်းအကြပ် လွှဲပြောင်းခြင်းနှင့် နေရပ်ပြန်ပို့ခြင်း၊ ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျ လူ့အခွင့်အရေး ချိုးဖောက်မှုတွေတိုးလာနေတယ်” ဟု ကြေညာချက်က ဆက်လက်ဖော်ပြခဲ့ပါတယ်။

“အလွန်အမင်းတင်းကျပ်ကန့်သတ်ထားသော ပတ်ဝန်းကျင်” တွင် ရုရှားက ကျင်းပခဲ့သည့် ရွေးကောက်ပွဲများကို အီးယူက ရှုတ်ချခဲ့ပြီး ရုရှားအာဏာပိုင်များက “ပြည်တွင်းရေး ဖိနှိပ်မှုကို ချဲ့ထွင်ကာ” စစ်ပွဲဆင်ဆာဖြတ်ခြင်းဖြင့် အတိုက်အခံနိုင်ငံရေးသမားများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ အမှီအခိုကင်းသော မီဒီယာများနှင့် အခြားဝေဖန်သောအသံများကို ဖိနှိပ်ချုပ်ချယ်သော ဥပဒေများနှင့် နိုင်ငံရေးအရ လှုံ့ဆော်သော စာကြောင်းများ အသုံးပြုခြင်းဖြင့် ထပ်မံနှိမ်နင်းခဲ့ပါတယ်။

အီးယူက “ရုရှားရဲ့ နိုင်ငံရေးခေါင်းဆောင်မှုနဲ့ သူတို့ကို စည်းရုံးရေးမှာ ပါဝင်သူတွေက ဒီတရားမဝင်လုပ်ရပ်တွေရဲ့ အကျိုးဆက်တွေကို ရင်ဆိုင်ရလိမ့်မယ်” လို့ ဆိုပါတယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ယူကရိန်းအား လုံးလုံးလျားလျား ကျူးကျော်ဝင်ရောက်လာချိန်မှစ၍ မော်စကိုအပေါ် အီးယူက မကြုံစဖူး ပိတ်ဆို့အရေးယူမှုများအဖြစ် ၁၁ ကြိမ် ချမှတ်ထားပြီးဖြစ်ပါတယ်။

ကရင်မလင်သည် အရှေ့ဘက်နှင့် တောင်ပိုင်း နယ်မြေလေးခုကို ယမန်နှစ်က သိမ်းပိုက်သည်ဆိုသော်လည်း စစ်တပ်က အပြည့်အဝထိန်းချုပ်ထားနိုင်ခြင်းမရှိပေ။ ၂၀၁၄ ခုနှစ်က သိမ်းပိုက်ထားသော ခရိုင်းမီးယားတွင်လည်း ရုရှားက မဲပေးမှုများ ပြုလုပ်ခဲ့ပါတယ်။

ရွေးကောက်ပွဲများကို ယူကရိန်းနှင့် ၎င်း၏မဟာမိတ်များက အတုအယောင်အဖြစ် ပယ်ချခဲ့ပြီး သိမ်းယူထားသော နယ်မြေကို ကိယက်ဗ်တပ်ဖွဲ့များက ပြန်လည်ရယူရန် တိုက်ပွဲဝင်နေကြပါတယ်။

Linko
Ref - Euractiv