【 နိုင်ငံတကာ 】 သီးနှံသဘောတူညီချက်အတွက် ပူတင်နှင့် တူရကီသမ္မတ မဆွေးနွေးမီ ယူကရိန်းဆိပ်ကမ်းကို ရုရှားက တိုက်ခိုက်

【 နိုင်ငံတကာ 】 သီးနှံသဘောတူညီချက်အတွက် ပူတင်နှင့် တူရကီသမ္မတ မဆွေးနွေးမီ ယူကရိန်းဆိပ်ကမ်းကို ရုရှားက တိုက်ခိုက်

ကိယက်ဗ်၊ စက်တင်ဘာ - ၃
 
ယူကရိန်းနိုင်ငံ အိုဒက်ဆာဒေသရှိ ဆိပ်ကမ်းအခြေခံအဆောက်အအုံကို ရုရှားက ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် လူနှစ်ဦးကို တနင်္ဂနွေနေ့က ဆေးရုံတင်ခဲ့ရကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။
 
ဇူလိုင်လအတွင်းက နုတ်ထွက်ခဲ့သော ပင်လယ်နက်သဘောတူညီချက်အရ ယူကရိန်းမှ ရိက္ခာတင်ပို့မှု ပြန်လည်စတင်နိုင်ရေး ဆွေးနွေးရန်အတွက် တူရကီသမ္မတ ရီဆက် တေယစ် အာဒိုဂန်နှင့် တွေ့ဆုံရန် ရုရှားသမ္မတ ဗလာဒီမာ ပူတင် မရောက်မီ တစ်ရက်အလိုတွင် အဆိုပါတိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။
 
ရုရှားတပ်ဖွဲ့ဝင်များသည် တနင်္လာနေ့အစောပိုင်းတွင် အီရန်လုပ် Shahed မောင်းသူမဲ့လေယာဉ် ၂၅ စင်းဖြင့် ဒင်နျူဘီမြစ်တစ်လျှောက် ပစ်ခတ်ခဲ့ရာ ၂၂ စင်းမှာ လေကြောင်းရန်ကာကွယ်ရေးကြောင့် ပစ်ချခံခဲ့ရကြောင်း ယူကရိန်းလေတပ်က တယ်လီဂရမ်တွင် ပြောကြားခဲ့ပါတယ်။ 
 
မော်စကိုက တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး မှတ်ချက်မပေးပါဘူး။
 
ယူကရိန်းနိုင်ငံရဲ့ တခြားနေရာဖြစ်တဲ့ ဒွန်နက်ခ်ဧရိယာမှာရှိတဲ့ Vuhledar ရွာကို ရုရှားက တနင်္ဂနွေနေ့က ပစ်ခတ်မှုအတွင်း လူ ၂ ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။အမြောက်များဖြင့် ပစ်ခတ်မှုကြောင့် ဒေသတွင်းရှိ အခြေချနေထိုင်ရာ နေရာရှစ်ခုကို ထိခိုက်ခဲ့ကြောင်း ယူကရိန်းအမျိုးသား ရဲတပ်ဖွဲ့က တယ်လီဂရမ်တွင် ရေးသားခဲ့ပါတယ်။ 
 
Linko
Ref - AP