【 နိုင်ငံတကာ 】 သြစတြေးလျ စစ်ရေးလေ့ကျင့်မှုအတွင်း Osprey ရဟတ်ယာဉ် ပျက်ကျလို့ အမေရိကန် မရိန်းတပ်သား ၃ ဦး သေဆုံး

【 နိုင်ငံတကာ 】 သြစတြေးလျ စစ်ရေးလေ့ကျင့်မှုအတွင်း Osprey ရဟတ်ယာဉ် ပျက်ကျလို့ အမေရိကန် မရိန်းတပ်သား ၃ ဦး သေဆုံး

ဆစ်ဒနီ၊ ဩဂုတ် - ၂၇
 
အမေရိကန် မရိန်းတပ်သားသုံးဦးသည် တနင်္ဂနွေနေ့က ဩစတေးလျနိုင်ငံ မြောက်ဘက်ရှိ ဝေးလံခေါင်သီသော အပူပိုင်းဒေသ ကျွန်းပေါ်တွင် စစ်ရေးလေ့ကျင့်နေစဉ် Osprey ရဟတ်ယာဉ် ပျက်ကျလို့ သေဆုံးခဲ့ကြောင်း အမေရိကန်စစ်ဘက်အရာရှိတွေကပြောပါတယ်။
 
မရိန်းတပ်သားငါးဦးကို လေယာဉ်ပျက်ကျရာနေရာမှ ကယ်ဆယ်ခဲ့ပြီး ပြင်းထန်သောအခြေအနေဖြင့် ဒါဝင်မြို့ရှိ ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး အခင်းဖြစ်ရာ နေရာတွင် ကျန်ရှိသော ဒဏ်ရာရသင်္ဘောသားများကို စမ်းသပ်စစ်ဆေးနေကြောင်း သြစတြေးလျရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
 
“ရဟတ်ယာဉ်ပေါ်မှာ အမှုထမ်း စုစုပေါင်း ၂၃ ဦး ရှိတယ်” ဟု အမေရိကန် စစ်ဘက်အရာရှိများက ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
 
“သုံးဦးသေဆုံးတာကို အတည်ပြုနိုင်ခဲ့ပြီး ကျန်ငါးဦးကို တော်ဝင်ဒါဝင်ဆေးရုံသို့ ပို့ဆောင်ခဲ့ကာ ပြင်းထန်သော အခြေအနေရှိတယ်” လို့ ဆိုပါတယ်။ 
 
သြစတြေးလျပြည်မကြီး၏ မြောက်ဘက် ကီလိုမီတာ ၆၀ (၃၇ မိုင်) အကွာ  ဝေးလံပြီး လူနေကျဲ ပါးသော Melville ကျွန်းတွင် ပျက်ကျခဲ့ရာ အဆိုပါတည်နေရာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ ရှုပ်ထွေးခဲ့ပါတယ်။
 
“ကယ်ဆယ်ရေး ကြိုးပမ်းမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်” ဟု အမေရိကန် တာဝန်ရှိသူများက ပြောကြားပြီး ယင်းဖြစ်ရပ် ဖြစ်ပွားရသည့် အကြောင်းအရင်းကို စုံစမ်းစစ်ဆေးမှု စတင်ခဲ့ကြောင်း သိရပါတယ်။ 
 
ဝန်ကြီးချုပ် အန်ထော်နီ အယ်လ်ဘာနိစ်က ဒီအဖြစ်အပျက်ကို “အလွန်ဝမ်းနည်းစရာ” နဲ့ “မလိုလား အပ်သော အဖြစ်အပျက်” အဖြစ် ဖော်ပြခဲ့ပေမယ့် အာဏာပိုင်များက ဖြစ်ပျက်ခဲ့သည် အဖြစ်များကိုကြိုးစား စုစည်းနေဆဲဖြစ်ကြောင်း ပြောခဲ့ပါတယ်။ 
 
“ပေးအပ်ထားတဲ့ အချက်အလက်မှန်သမျှဟာ လုံးဝမှန်ကန်ကြောင်း သေချာစေချင်ပါတယ်” ဟု ၎င်းက သတင်းထောက်များအား ပြောကြားခဲ့ပါတယ်။ 
 
ရဟတ်ယာဉ်နှင့် လေယာဉ် ပေါင်းစပ်ထားသည့် Osprey တွင် အမေရိကန်နှင့် သြစတြေးလျမှ ထောင်နှင့်ချီသော စစ်သားများပါဝင်ကာ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်ကဲ့သို့သော အခြားစစ်ဘက်မဟာမိတ်များပါဝင်သည့် Predators Run လေ့ကျင့်ခန်းတွင် ပါဝင်နေတာဖြစ်ပါတယ်။ 
 
ဝါရှင်တန်နှင့် ကင်ဘာရာတို့သည် အာရှ-ပစိဖိတ်ဒေသတွင် တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှု ကြီးထွားလာမှုကို တန်ပြန်ရန် အတူတကွ လုပ်ဆောင်နေသောကြောင့် ဩစတေးလျမြောက်ပိုင်းသည် မကြာသေးမီနှစ်များအတွင်း အမေရိကန်စစ်တပ်အတွက် အရေးပါသော နေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။
 
Linko
Ref - Newarab