【 နိုင်ငံတကာ 】 ဟန်ကျိုးအာရှအားကစားပြိုင်ပွဲတက်သည့် ခေါင်းဆောင်များကို လက်ခံတွေ့ဆုံစဉ် လူသားထုအတွက် ဘုံအနာဂတ်ရှိသော လူမှုအသိုက်အ၀န်းတည်ထောင်ရေး ရှီ ကတိပြု

【 နိုင်ငံတကာ 】 ဟန်ကျိုးအာရှအားကစားပြိုင်ပွဲတက်သည့် ခေါင်းဆောင်များကို လက်ခံတွေ့ဆုံစဉ် လူသားထုအတွက် ဘုံအနာဂတ်ရှိသော လူမှုအသိုက်အ၀န်းတည်ထောင်ရေး ရှီ ကတိပြု

ပေကျင်း၊ စက်တင်ဘာ - ၂၄
 
တရုတ်နိုင်ငံအရှေ့ပိုင်း ဟန်ကျိုးမြို့တွင် ကျင်းပသည့် အာရှအားကစားပွဲတော်ဖွင့်ပွဲမတိုင်မီ နာရီအတန်ကြာအလိုတွင် တရုတ်နှင့် တီမောလက်စတီနိုင်ငံများသည် နှစ်နိုင်ငံဆက်ဆံရေးကို ကျယ်ပြန့်သော သေနင်္ဂဗျူဟာပူးပေါင်းဆောင်ရွက်မှုအဆင့်သို့ မြှင့်တည်မည်ဟု ကြေညာခဲ့ပါတယ်။
 
နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်ခြင်းသည် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးနှင့် ပြည်သူနှစ်ရပ်၏ ဘုံမျှော်မှန်းချက်များကို မြှင့်တင်ရန် လိုအပ်ချက်ဖြစ်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က တီမောလက်စတီ၀န်ကြီးချုပ် ရှာနာနာ ဂတ်စ်မိုကို အားကစားပွဲတော်လက်ခံကျင်းပသည့် မြို့တွင်စနေနေ့က တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။
 
တရုတ်နိုင်ငံသည် တီမောလက်စတီနိုင်ငံ ဒေသတွင်းတိုးတက်မှုတွင် ပိုမိုကောင်းမွန်စွာပေါင်းစည်းလာသည်ကို ထောက်ခံကြောင်း ရှီက ပြောကြားပြီး နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုများပြားသော အကျိုးကျေးဇူးများ ဆောင်ယူပေးရန် ခေတ်မီရေးခရီးတွင် လက်တွဲရန် အသင့်ရှိကြောင်း ပြောခဲ့ပါတယ်။
 
Asiad ဟုလည်းခေါ်သည့် ၁၉ ကြိမ်မြောက် အာရှအားကစားပွဲတော်ကို တရုတ်က အိမ်ရှင်အဖြစ် လက်ခံကျင်းပနေစဉ် တရုတ်ခေါင်းဆောင်သည် လွန်ခဲ့သောနှစ်ရက်အတွင်းတွင် ဖွင့်ပွဲအခမ်းအနားတက်လာသည့် ပြည်ပခေါင်းဆောင်အများအပြားနှင့် အဆင့်မြင့်ဆွေးနွေးပွဲများ ကျင်းပခဲ့ပါတယ်။
 
ထိုဆွေးနွေးပွဲများအတွင်း ရှီနှင့် ခေါင်းဆောင်များသည် ချစ်ကြည်ရင်းနှီးမှု၊ ညီညွတ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါမှုကို ထပ်လောင်းပြောကြားပြီး အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်မှုနှင့် အနိုင်ကျင့်ခြင်းကို ဆန့်ကျင်ကြောင်း ဖော်ပြပြီး လူသားထုအတွက် ဘုံအနာဂတ်ရှိသော လူမှုအသိုက်အ၀န်းတစ်ခု တည်ဆောက်ရေးတွင် အခန်းကဏ္ဍသစ်ရေးထိုးရန် ကတိပြုခဲ့ကြပါတယ်။
 
ရှီနှင့် ထိုသို့တွေ့ဆုံကတိပြုသည် ခေါင်းဆောင်များတွင် ကူဝိတ်အိမ်ရှေ့မင်းသား ရှီအိုက် မီရှယ် အယ်အာမက် အယ် ဂက်ဘာ အယ်လ် ဆာဘားနှင့် ဆီးရီးယားသမ္မတ ဘာရှား အယ်လ် အာဆတ်တို့လည်း ပါဝင်ခဲ့ပါတယ်။
 
Linko
Ref - CMG