【 နိုင်ငံတကာ 】 ဟားမတ်စ်အဖွဲ့မှ လွတ်မြောက်လာသည့် အမေရိကန် ဓားစာခံနှစ်ဦး အစ္စရေးသို့ ပြန်လည်ရောက်ရှိ

【 နိုင်ငံတကာ 】 ဟားမတ်စ်အဖွဲ့မှ လွတ်မြောက်လာသည့် အမေရိကန် ဓားစာခံနှစ်ဦး အစ္စရေးသို့ ပြန်လည်ရောက်ရှိ

တဲလ်အဗစ်၊ အောက်တိုဘာ - ၂၁

ကာတာ ကြားဝင်ဖျန်ဖြေရေးကြိုးပမ်းမှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်ဓားစာခံနှစ်ဦးကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြောင်းပြချက်များဖြင့် လွှတ်ပေးခဲ့ကြောင်း ပါလက်စတိုင်း အစ္စလာမ္မစ် ခုခံရေး လှုပ်ရှားမှုအဖွဲ့ (ဟားမတ်စ်) ဗိုလ်မှူးချုပ် အယ်လ်ကွာဆမ်က သောကြာနေ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

ဗိုလ်မှူးချုပ်က အမေရိကန်၏စွပ်စွဲချက်များသည် “မှားယွင်းပြီး အခြေအမြစ်မရှိ” ကြောင်း သက်သေပြရန် လှုပ်ရှားဆောင်ရွက်ခဲ့ကြောင်း ပြောခဲ့ပါတယ်။

ဓားစာခံများမှာ ပဋိပက္ခများ စတင်ဖြစ်ပွားသည့် လွန်ခဲ့သည့်နှစ်ပတ်ခန့်ကတည်းက ဂါဇာကိုထိန်းချုပ်ထားသည့်အဖွဲ့မှ ပထမဆုံး လွတ်မြောက်လာခြင်းဖြစ်ပါတယ်။
 
“ပြန်ပေးဆွဲခံရသူနှစ်ဦးကို အိမ်ကိုပြန်ရောက်ပါပြီ။ပြန်ပေးဆွဲခံရပြီး ပျောက်ဆုံးနေသူတွေ အားလုံးကို ပြန်ရဖို့ ကြိုးပမ်းမှုအပေါ် ကျွန်တော်တို့ လက်လျှော့မှာ မဟုတ်ပါဘူး” ဟု အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက သောကြာနေ့ညနှောင်းပိုင်းတွင် ထုတ်ပြန်သော ကြေညာချက်တွင် ပြောကြားခဲ့ပါတယ်။

၎င်းက အစ္စရေးစစ်တပ်၏ ဗုံးကြဲမှုနှင့် ခန့်မှန်းထားသည့် ဂါဇာကမ်းမြောင်ကို စစ်ရေးဆင်နွှဲမှုကို ရပ်တန့်မည်မဟုတ်ကြောင်း ပြောခဲ့ပါတယ်။တစ်ချိန်တည်းမှာပင် အောင်ပွဲရသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့ပါတယ်။

လွတ်မြောက်လာသူနှစ်ဦးမှာ အမေရိကန်နိုင်ငံသားများဖြစ်ကြသည့် မိခင်နှင့် သမီးဖြစ်သည့် သားအမိများဖြစ်ကြောင်း အစ္စရေးမီဒီယာ Channel 2 မှ အစောပိုင်းတွင် ဖော်ပြခဲ့ပါတယ်။၎င်းတို့မှာ အစ္စရေးနိုင်ငံသားများ ဟုတ်၊ မဟုတ် ရှင်းရှင်းလင်းလင်း မသိရပေ။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အမေရိကန် ဓားစာခံနှစ်ဦး လွတ်မြောက်လာကြောင်း အတည်ပြုခဲ့ပြီး ၎င်းတို့နှစ်ဦး လွတ်မြောက်ရေးအတွက် ကာတာနှင့် အစ္စရေးတို့၏ အကူအညီအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါတယ်။

လွတ်မြောက်လာသည့် အမေရိကန်နိုင်ငံသားနှစ်ဦးကို အစ္စရေးနိုင်ငံရှိ အမေရိကန်သံရုံးမှ အဖွဲ့တစ်ဖွဲ့က မကြာမီတွေ့လိမ့်မည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ပြောကြားခဲ့ပါတယ်။

ဘလင်ကန်က စာရင်းမထည့်ရသေးတဲ့ အမေရိကန် ၁၀ ဦး ကျန်ရှိနေသေးတယ်လို့ ပြောခဲ့ပါတယ်။

“သူတို့ထဲက တချို့ဟာ ဟားမတ်စ်တွေရဲ့ ဓားစာခံတွေ ချုပ်နှောင်ခံနေရတဲ့ထဲမှာဆိုတာကို ကျွန်တော်တို့သိပါတယ်” လို့ ၎င်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါတယ်။

ဓားစာခံများအားလုံးကို “ခြွင်းချက်မရှိ ချက်ခြင်းလွှတ်ပေးရန်” တောင်းဆိုခဲ့ပါတယ်။

Linko
Ref - Reuters