【 နိုင်ငံတကာ 】 အစ္စရေးကို ထိန်းချုပ်တုံ့ပြန်ခြင်းကို တန်ဖိုးထားရန် အီရန်က အနောက်နိုင်ငံများကို တိုက်တွန်း

【 နိုင်ငံတကာ 】 အစ္စရေးကို ထိန်းချုပ်တုံ့ပြန်ခြင်းကို တန်ဖိုးထားရန် အီရန်က အနောက်နိုင်ငံများကို တိုက်တွန်း

တီဟီရန်၊ ဧပြီ - ၁၆
 
ဒမတ်စကတ်ရှိ အီရန်ကောင်စစ်ဝန်ရုံးကို လူအသေပျောက်များစေသည့် တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် အစ္စရေးကို ထိန်းချုပ် တိုက်ခိုက်ခြင်းကို တန်ဖိုးထားရန် တီဟီရန်က အနောက်နိုင်ငံများကို တိုက်တွန်းလိုက်ပါတယ်။
 
“အီရန်နိုင်ငံကို စွပ်စွဲနေမည့်အစား အနောက်နိုင်ငံများသည် မိမိကိုယ်မိမိ အပြစ်တင်သင့်ပြီး ဂါဇာ တွင် ဟားမတ်စ်ကို အစ္စရေးက တိုက်ခိုက်ရာတွင် ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများအတွက် အများပြည်သူ အမြင်များကို ဖြေရှင်းသင့်သည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ နက်ဆာကာနန်နီ ပြောပါတယ်။
 
အနောက်နိုင်ငံများအနေဖြင့် အီရန်၏ မကြာသေးမီက ချုပ်တည်းမှုများကို နားလည်သင့်ကြောင်း ထိုပြောခွင့်ရသူ ပြောပါတယ်။
 
ပြင်သစ်နှင့် ဗြိတိန်အပါအဝင် အနောက်နိုင်ငံအများအပြားက အီရန်က အစ္စရေးကို တိုက်ခိုက်မှုကို ရှုတ်ချခဲ့ပါတယ်။ထိုတိုက်ခိုက်မှုသည် မိမိကိုယ်မိမိ ကာကွယ်ရေးဖြစ်ကြောင်း အီရန်က ပြောပါတယ်။
 
အီရန်က အစ္စရေးကို ပထမဆုံး တိုက်ရိုက် တိုက်ခိုက်မှုသည် စနေနေ့တွင် စတင်ပြီး အစ္စရေးက ဒမတ်စကတ်ရှိ အီရန်ကောင်စစ်ဝန်ရုံးကို ဧပြီလ ၁ ရက်နေ့က တိုက်ခိုက်မှုအတွက် တုံ့ပြန်ခြင်းဖြစ်သည်ဟု ပြောပါတယ်။
 
ဆီးရီးယားမြို့တော် ဒမတ်စကတ်ရှိ ၅ ထပ် အီရန်ကောင်စစ်ဝန်ရုံးကို တိုက်ခိုက်မှုတွင် အဆောက်အအုံပြိုကျပြီး ဗိုလ်ချုပ် ၂ ဦးအပါအဝင် အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ အရာရှိ ၇ ဦး သေဆုံးခဲ့ပါတယ်။
 
စိုးချစ်
သတင်းရင်းမြစ် - CMG