【 နိုင်ငံတကာ 】 အစ္စရေးက ဂါဇာမြေပြင်စစ်ဆင်ရေးကို အရှိန်မြှင့်ပြီးနောက် ဟားမတ်စ်က အင်အားအပြည့်ဖြင့် ရင်ဆိုင်မည်ဟု ကတိပြု

【 နိုင်ငံတကာ 】 အစ္စရေးက ဂါဇာမြေပြင်စစ်ဆင်ရေးကို အရှိန်မြှင့်ပြီးနောက် ဟားမတ်စ်က အင်အားအပြည့်ဖြင့် ရင်ဆိုင်မည်ဟု ကတိပြု

ရာဖေး၊ အောက်တိုဘာ - ၂၈ 
 
အစ္စရေးစစ်တပ်က ပါလက်စတိုင်းနယ်မြေကို ဝေဟင်နဲ့ မြေပြင်တိုက်ခိုက်မှုတွေ ချဲ့ထွင်ပြီးနောက် ဂါဇာရှိ စစ်သွေးကြွတွေဟာ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကို အပြည့်အ၀ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေတယ်လို့ ဟားမတ်စ်က ဒီကနေ့ ပြောလိုက်ပါတယ်။
 
ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏ တိုက်ခိုက်မှုများ ပြင်းထန်လာပြီးနောက် အစ္စရေးနယ်စပ်အနီးရှိ ဒေသများတွင် တိုက်ခိုက်ရေးသမားများနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဂါဇာကမ်းမြောင်ဒေသကို ထိန်းချုပ်ထားသည့် ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့ ဟားမတ်စ်က အစောပိုင်းတွင် ပြောခဲ့ပါတယ်။ 
 
“ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေအပြင် မြေပြင်တပ်ဖွဲ့တွေက ဒီနေ့ညမှာ သူတို့ရဲ့ စစ်ဆင်ရေးတွေကို တိုးချဲ့လုပ်ဆောင်နေပါတယ်” ဟု အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ကြီး ဒန်နီရယ်လ် ဟာဂါရီက သောကြာနေ့ ညနေပိုင်း ရုပ်မြင်သံကြား သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပြီးနောက် ကာလကြာရှည် မျှော်လင့်ထားသည့် ဂါဇာကမ်းမြောင်ကို ကျူးကျော်ဖို့ စတင်လာတဲ့ မြေပြင်အခြေအနေအပေါ် မေးခွန်းထုတ်လာခဲ့ပြီဖြစ်ပါတယ်။
 
အစ္စရေးလေတပ်သည် ဟားမတ်စ်နှင့် အခြားအခြေခံအဆောက်အအုံများ တူးဖော်ထားသည့် ဥမင်လှိုဏ်ခေါင်းများကို ကျယ်ကျယ်ပြန့်ပြန့် တိုက်ခိုက်မှု ပြုလုပ်နေကြောင်း ၎င်းက ပြောပါတယ်။
 
ဂါဇာကမ်းမြောင်အရှေ့မြောက်ပိုင်း ဘတ်တ်ဟန်နောင် (Beit Hanoun) နှင့် အယ်လ်ဘာဂျိ (Al-Bureij) အလယ်ပိုင်းဒေသတွင် အစ္စရေးတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဟားမတ်စ်လက်နက်ကိုင်အဖွဲ့မှ သောကြာနေ့နှောင်းပိုင်းမှာ ပြောခဲ့ပါတယ်။ 
 
“Al-Qassam တပ်မဟာများနှင့် ပါလက်စတိုင်း ခုခံရေးတပ်ဖွဲ့များအားလုံး အစ္စရေးဘက်က ဝင်ရောက်တိုက်ခိုက်မှုကို အင်အားအပြည့်ဖြင့် ရင်ဆိုင်ပြီး ၎င်း၏ကျုးကျော်မှုကို စိတ်ပျက်သွားစေရန် အဆင်သင့်ဖြစ်နေပါပြီ” ဟု ဟားမတ်စ်က စနေနေ့ အစောပိုင်းတွင် ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ 
 
“နေတန်ယာဟုနှင့် ၎င်း၏ ရှုံးနိမ့်ခဲ့သော စစ်တပ်သည် မည်သည့် စစ်ရေးအောင်ပွဲမျှ အောင်မြင်နိုင်မည် မဟုတ်ပါ” ဟု အစ္စရေးဝန်ကြီးချုပ်ကို ရည်ညွှန်းပြီး ပြောခဲ့ပါတယ်။ 
 
Linko
Ref - Malaymail