【 နိုင်ငံတကာ 】 အစ္စရေးက ဟားမတ်စ်ကို မြေပြင်စစ်ဆင်ရေးအရှိန်မြှင့်တင်

【 နိုင်ငံတကာ 】 အစ္စရေးက ဟားမတ်စ်ကို မြေပြင်စစ်ဆင်ရေးအရှိန်မြှင့်တင်

တဲလ်အဗစ်၊ အောက်တိုဘာ - ၂၉ 
 
ပါလက်စတိုင်း ဟားမတ်စ်အဖွဲ့ကို ချေမှုန်းရန် ရည်ရွယ်သည့် ၃ ပတ်ကြာစစ်ပွဲ ဒုတိယအဆင့်တွင် အစ္စရေးတပ်များသည် တနင်္ဂနွေနေ့တွင် ဂါဇာမှ ဟားမတ်စ်များကို မြေပြင်စစ်ဆင်ရေး ဆင်နွှဲနေပြီဖြစ်ပါတယ်။ 
 
အစ္စရေး စစ်လေယာဉ်များက ဗုံးများကြဲချနေပြီး မြေပြင်နှင့် သံချပ်ကာယာဉ်များက ဟားမတ်စ်တို့ အုပ်ချုပ်သည့် ဒေသအတွင်း ဝင်ရောက်လာစဉ် ပိတ်ဆို့ခံ ဂါဇာဒေသခံများသည် ဆက်သွယ်ရေးနှင့် အင်တာနက် လုံးဝနီးပါးပြတ်တောက်မှုနှင့် ရင်ဆိုင်နေရပါတယ်။
 
အစ္စရေးစစ်တပ်အကြီးအကဲများက ၎င်းတို့သည် မြေပြင်စစ်ဆင်ရေး တိုးချဲ့နေကြောင်း ပြောခဲ့ပါတယ်။ 
 
တဲလ်အဗစ်တွင် စနေနေ့က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် နေတန်ယာဟုက အစ္စရေးနိုင်ငံသားများအနေဖြင့် ရှည်ကြာခက်ခဲသည့် ထိုးစစ်ကို မျှော်လင့်ထားရန် ပြောကြားပြီး ယခုစစ်ဆင်ရေးသည် ကျူးကျော်သိမ်းပိုက်ရေးမဟုတ်ကြောင်း ပြောပါတယ်။
 
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ အကြံပေးအချို့က လတ်တလော အစွမ်းကုန် တိုက်ခိုက်မှုများ ဆိုင်းငံ့ထားရန် အစ္စရေးခေါင်းဆောင်များကို သတိပေးထားသည်ဟု အမေရိကန်အရာရှိများ ပြောပါတယ်။ 
 
ကနဦးမြေပြင်စစ်ဆင်ရေးများသည် လတ်တလောတွင် အကန့်အသတ်ဖြင့် လုပ်ဆောင်နေပုံရသော်လည်း နေတန်ယာဟုက ဟားမတ်စ်က ဖမ်းထားသည့် အမေရိကန်နှင့် အခြားနိုင်ငံသာများအပါအဝင် ဓားစာခံ ၂၀၀ ကျော် လွတ်မြောက်ရေးအတွက် အစွမ်းကုန် လုပ်ဆောင်မည်ဟု ကတိပြုခဲ့ပါတယ်။ 
 
“အခုအချိန် မဟာစစ်ပွဲရဲ့ ဒုတိယအဆင့်ဖြစ်ပြီး ရည်မှန်းချက်တွေက ရှင်းလင်းတယ်။ဟားမတ်စ်ရဲ့ အုပ်ချုပ်ရေးနဲ့ စစ်ရေးစွမ်းရည်တွေကို ချေမှုန်းပြီး ဓားစာခံတွေကို ပြန်လည်ခေါ်ယူဖို့ဖြစ်တယ်” ဟု နေတန်ယာဟုက သတင်းထောက်များကို ပြောပါတယ်။ 
 
“ကျနော်တို့က အခုမှ အစပဲရှိသေးတယ်။မြေပေါ်၊ မြေအောက်က ရန်သူတွေကို ချေမှုန်းသွားမှာဖြစ်တယ်” ဟု သူကပြောခဲ့ပါတယ်။
 
Linko
Ref - Reuters